Snow Hninn....သို့

46 4 3
                                    

Snow Hninn....သို့

တကယ်တော့ ငါဟာ ပုံပြင်တစ်ပုဒ်ပဲလေ
အချိန်တန်တော့လည်း လူတွေနူတ်ဖျားမှာ ပျောက်သွားလိမ့်မယ်
တကယ်ပဲ လူတွေအတွတ်
ငါဟာ ဘာဆိုဘာမှမဟုတ်သေးတဲ့ ငချွတ်
အဲဒီငချွတ်မှာ သူတို့အတွတ်သတိရတမ်းတခြင်းတွေရှိတယ်...။
ကဗျာသူငယ်ချင်းလေး သူဟိုဘက်မှာအဆင်ပြေပါစေ...
သူ အိမ်မက်မှာ လက်တွေ့ဖြစ်နိုင်ပါစေ
ဘဝအမောတွေအတွတ် ကဗျာတို့နဲ့လည်း ချွေးသိပ်နိုင်စေ
အမြင့်ဆုံးဆိုတဲ့ လှေကားတွေ တတ်လှမ်းလို့ အောင်ပန်းယူနိုင်စေ
ငါနဲ့ အမှတ်တရတစ်ချို့တွေကိုလည်း သတိရနိုင်စေ...လို့
ဟော့ဒီ ကဗျာတစ်ပုဒ်ထဲမှာ ပျားရည်လောင်းပြီး
သူထံပါးလို့ လက်ဆောင်စကားလည်း ပါးလိုက်တယ်...။
နှင်းဆိုတာ နေရောင်ကြားမှာ မပျောက်ပြယ်တဲ့တစ်ခါတော့ ရှိဦးမှာ
လူဘဝဟာလည်း နေတတ်တော့အကျယ်ကြီးပါ
အရည်အချင်းပြည့်ဝသူအတွတ် မနေရဲစရာ နေရာမရှိ
ဘဝကို ရရာလက်နတ်စွဲကိုင် တော်လှန်ရဲသူအတွတ်
ကြီးမြတ်သော လက်နတ်ဂုဏ်အင်္ဂါမရှိ
ဟော့ဒီရဲ့ အမှောင်တိုက်ကြားမှာ
နှင်းတစ်ပွင့်လောက် အေးချမ်းနိုင်တာမရှိ...။
ကဗျာသူငယ်ချင်းရေ...
မင်းလက်နဲ့ ရေးစွမ်းတဲ့ကဗျာတွေလောက်
ငါတို့ကို သတိရစွမ်းပေးနိုင်သောအရာလည်း မရှိ
ထိုအတူပဲ
ငါ မင်းကိုပေးနိုင်ခဲ့တဲ့ လက်ဆောင်
ဟော့ဒီကဗျာလောက်
နယ်မြေခြားမှာ
အကောင်းဆုံသော လက်ဆောင်ဟူသည်..မရှိ။
Nov.8.2016
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now