အိပ်ယာဟာကျွန်တော်

201 12 2
                                    

"အိပ်​ယာဟာကျွန်​​တော်​"

အ​တွေး​တွေဟာ စိတ်​ညစ်​လိုက်​ ​ပျော်​ရွှင်​လိုက်​နဲ့
အိပ်​ယာထဲလဲ​နေတယ်

အ​ဖော်​က န​ဖော်​က​လော်​တစ်​​ချောင်းရယ်​ ၊
ဇာဂနာရယ်

ဟိုဘယ်​လှိမ့်​လိုက်​၊ ဒီဘက်​လှိမ့်​လိုက်​ဟာ
ဘယ့်​နှစ်​နာရီရှိပြီလဲ

စိတ်​ကူးကိုလည်း ​ရေချိုး​ပေးရဦးမယ်

ဆရာ​မောင်​ထင်​ရဲ့ ကမ္ဘာ.စာ​ပေအညွှန်းနဲ့
ရှေး​ဟောင်းထဲတိုးဝင်​နစ်​မြှပ်​​နေမိ

အိပ်​ယာဟာ သူမတူစွာ​တွေး​နေတယ်​။

သူမတူပုံများ။

သ​င်္ကေတကလည်း သ​င်္ကေတ၊

ဘာသာစကားကလည်း ဘာသာစကား

နရီ၊နမိတ်​၊န​ဘေ၊ကာရံ၊ကာရံလွတ်​၊
ကာရံမလွတ်​တလွတ်
ဒါ​ပေမယ့်​ အားလုံးဟာကဗျာဆရာဖြစ်​တယ်

အိပ်​ယာဟာလည်း ကဗျာဆရာ ဖြစ်​တယ်

အခန်းထဲမှာ ​အော်​မြည်​​နေတဲ့
အိမ်​​မြှောင်​ဟာလည်း
(ကဗျာဆရာ ဖြစ်​တယ်​။)

အဲလိုနဲ့ ​ဆေးလိပ်​လည်း တိုတိုသွားတယ်
စာရွက်​​တွေလည်း ကုန်​ကုန်​သွားတယ်​။

Sep8.2016
Minsetwai
http://www.blackspider7.blogspot.com

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now