ငါ့က မင်းအမှောင်ခန်းထဲက ကြယ်တံခွန်ဖြစ်တယ်

40 3 0
                                    

ငါ့က မင်းအမှောင်ခန်းထဲက
ကြယ်တံခွန်ဖြစ်တယ်

ခဏတာ ယိုဖိတ်တဲ့ ချစ်ခြင်းအပိုင်းအစလို့တော့ မမှတ်ပါနဲ့ကွယ်
အတုအယောင်ဟာ ပိုပြီးအရောင်တောက်တယ်
အတုအယောင်ဟာ ပိုပြီးစစ်မှန်တယ် ဆိုလည်း
မင်းနဲ့ ငါ ဝါဒတော့ မကွဲချင်ပါဘူးကွယ်
မင်းအမြင်ကိုလည်း မတော်လှန်ချင်ပါဘူး
ပျော်နေသူအတွတ် မိုင်ဗုံးခွဲလို့
မာယာတွေနဲ့ မခြိမ်းခြောက်ချင်ပါဘူး
မှတစ်ပါးဆိုတာ မင်းပျော်ရွှင်နေရင်ပဲ ပြီးတယ်
ဆိုတာက ငါ့အသဲနှလုံးဟာ သေနတ်ပစ်ကွင်းထဲက ပစ်မှတ်
မင်းအတွတ် သေနတ်တစ်လတ်တော့ ငါပေးမယ်။
သွေးစစ်စစ်
လှပတဲ့ အချစ်သွေးတွေ တစ်စိမ့်စိမ့်ယိုဖိတ်လာတဲ့အခါ
ငါ့နာကျင်မူဟာ မင်းဆီမကူးစက်အောင်
ငါကုစားလို့ ဟန်ဆောင်ပြုံးမယ်။
ဟုတ်တယ်....
အဲဒီအလုပ်ဟာ မွန်မြတ်တယ်လို့ ခံယူပြီးတဲ့နောက်
ငါ့မျတ်နှာမှာ ငါပျောက်ဆုံးခဲ့တယ်။
Nov5.2016
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now