ပြန်လည်ဆန်းစစ်ခွင့်

117 5 2
                                    


ပြန်​လည်​ဆန်းစစ်​ခွင့်

ကိုယ့်​စိတ်​ကိုယ်​မလုံဘဲနဲ့ ငါးပါးသီလ​စောင့်​ထိန်း​နေသူလို
ဘာများထူးထူးခြားခြား ရဦးမှာမို့
ငါဟာလည်းပင်းအရှည်​ခံ ​စောင့်​​နေတုန်း
အ​တွေး​တွေ နယ်​ချဲ့ခဲ့မိတယ်​........။
အရင်းမရှိဘဲ အမြတ်​ထုတ်​ချင်​ခဲ့တာ
ဝန်​ခံပါတယ်​...
ဒါ​ပေမယ့်​...ငါဟာ
နင့်​​ခြေရာတစ်​စ​တောင်​ မ​ကောက်​လိုက်​ရသူ....။
စေတန်​လို အပြုံးမျိုး
နင်​​ရော၊ငါ​ရော ကျင့်​သုံးဖလှယ်​ခဲ့ကြမိ​သေးလား..
မ​ရေရာလိုက်​ပုံများ ပင်​လယ်​ထဲအပ်​ကျသွားတာ
အခုထိ ငါ့မှာ ရှာလို့​ဖွေလို့​ကောင်း​နေတုန်း...။
(ဆို​တော့)
နတ်​သမီးရယ်​...နင့်​အတွတ်​... ၂၀၀၈တုန်းကလို
သွေးလည်​ပတ်​မူ​ကောင်းမွန်​တဲ့ ရင်​ခွင်​တစ်​စုံဟာ
အခုထိ..အိမ်​မက်​ထဲ...ပန်း​တွေပွင့်​ခိုင်း​နေတုန်းပဲဆို​တော့...
နင်​...မ​မေ့လိုက်​ပါနဲ့ကွယ်​.....။
Api17,2010
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now