Prologue ..

20.7K 1K 39
                                    

Chanyeol's pov ;

အချစ်ဆိုတဲ့အရာဟာ .. ခါးသက်ခြင်းတွေ ရောစပ်ထားတဲ့ ၀ိုင်တစ်ခွက်လို့ ကျွန်တော် ယူဆခဲ့တယ် ..

အချစ်ဟာ ပူလောင်တယ် .. အချစ်ဟာ နာကျင်ခြင်းတွေကို ယူဆောင်လာတယ် ..

ဒါပေမယ့် ဗရုတ်သုတ်ခတွေ လုပ်တတ်လွန်းတဲ့ ကလေးတစ်ယောက်ဟာ ကျွန်တော် ဖွင့်ခဲ့တဲ့ အချစ် definition တွေကို ပြောင်းလဲအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး ..

အချစ်ဟာ ချိုမြိန်တယ် .. လှပတယ် .. ကြည်နူးဆွတ်ပျံ့တယ် ..

သူ့ရဲ့ အပြုံးကို မြင်ရင် ပျော်ရွင်ရတယ် .. အဲ့ဒီအပြုံးဟာ ကျွန်တော်ဖန်တီးပေးလိုက်တယ်ဆိုတဲ့ အသိစိတ်က ပိုပျော်ရွင်ရတယ် ..

ပြီးတော့ မင်းရဲ့နှုတ်ခမ်းလေးက lollipop လေးလိုပဲ .. ချိုတယ် .. 🍭🍭

🍬🍬🍬🍬

Baekhyun's pov ;

အမြဲတမ်း မျက်နှာထားတည်တည်ကြီးနဲ့ ဆရာဝန်အဖိုးကြီး ..

သူ့ကို အဖိုးကြီးလို့ခေါ်ရင်လည်း စိတ်ဆိုးတတ်သေး .. သူမကျေမနပ် စိုက်ကြည့်လိုက်တိုင်း ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းနေလွန်းတာလေ ..

သူ့အပေါ်မှာ ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်တယ် .. ဂျီကျချင်တယ် .. ရစ်ချင်တယ် ..

အချစ်ဟာ အဖိုးကြီးထင်ထားသလို ကြောက်လန့်စရာမကောင်းဘူးဆိုတာ .. သက်သေပြပေးချင်တယ် ..

ပြုံးခဲတဲ့ အဲ့အဖိုးကြီးရဲ့ မျက်နှာပေါ်က ပါးချိုင့်လေးကို အမြတ်တနိုး စိုက်ကြည့်ရတာလဲ အရသာတစ်ခု .. အစလွန်လို့ အဖိုးကြီးစိတ်ဆိုးတိုင်း သူ့ခါးကိုအတင်းပွေ့ဖက်ပြီး six packs ဆိုတာကြီးကို အတင်းလိုက်ထိရတာလည်း .. အသည်းယားစရာ ။

ပြီးတော့ သူ့ရဲ့အနမ်းကလည်း lollipop လေးလိုပဲ .. ချိုတယ် .. 🍭🍭

............To Be Continue ......

စာဖတ်သူများအား အချိုလွန်၍ ဆီးချိုသွေးချိုတက်စေရန် ရည်ရွယ်သည် ။ 😁😁😁😁

နှစ်ခြိုက်စွာ ဖတ်ရှူကြကုန် .. 😘😘😘

30.3.2017 ..

🍭 My Lollipop 🍭Where stories live. Discover now