Part 20 .. Second Propose

6.1K 709 135
                                    

Note: အနည်းငယ်ဆိုးဝါးသည့် ပုံစံများဖြင့် နှိုင်းယှဉ်ထားမှုများအား ဟာသအမြင်ဖြင့်သာ ဖတ်စေလိုပါကြောင်း .. 😘😘

🍭🍭

သူသည် အပြုအမူတစ်ခုချင်းစီဖြင့် .. ကျွန်တော့် နှလုံးသားအား ခြွေချလေသည် ။

🌺🌺🌺

Park Chanyeol's pov;

ဒီလောက်ဆိုရင်တော့ အတော်လေး ပြီးပြည့်စုံသွားပြီဆိုရမည် ..

တံခါးပေါက်အနားသို့ ပြန်သွားကာ အခန်းတစ်ခုလုံးကို ခြုံကြည့်လိုက်တော့ တော်လိုက်တာဟု ကိုယ့်ကိုကိုယ်   
ပြန်ချီးကျူးမိသည်အထိ .. ကျေနပ်လွန်းလို့ မျက်နှာတစ်ခုလုံးလဲ ရွှေရသလို စပ်ဖြီးဖြီးဖြင့် .. ။

မိုးပြာရောင်ဘောလုံးများက အခန်း၏ မျက်နှာကြက်ပေါ်တွင် လှပစွာနေရာယူလျက် .. ကုတင်ပေါ်တွင်တော့ Byun baekhyun ဆိုသည့် စာလုံးအား ကလေးသိပ်ကြိုက်သည့် ချိုချဉ်လုံးများဖြင့် ပုံဖော်ထားသည် ။

နံရံပတ်ပတ်လည်တွင်တော့ သိုးမွှေးထိုးသည့် အနီရောင်ကြိုးများကို သံသေးသေးဖြင့် ထိန်းကာ ကပ်ထားပြီးနောက် ထိုကြိုးပေါ်တွင် ကျွန်တော်တို့ချစ်သူသက်တမ်းတစ်လျှောက် အတူတွဲရိုက်ထားသော ဓာတ်ပုံများအား ချိတ်ဆွဲထားသေးသည် ။

ကလေးမြင်လို့ကတော့ အတော်လေးကို surprise ဖြစ်သွားလိမ့်မည် ။ ချစ်သူသက်တမ်း ၅ လပြည့်ကိုရော .. စာမေးပွဲပြီးသွားသည့် အထိမ်းအမှတ်ရော .. တစ်လလုံးလုံး ပစ်ထားခဲ့သည့် အပြစ်အတွက် တောင်းပန်ချင်တာရော .. အားလုံးပေါင်းရင်း ဒီလို surprise လေး လုပ်ဖြစ်ခြင်းသာ .. ။

အင်း ... ဒုတိယမြောက် Surprise ပေါ့ ။

နာရီကိုကြည့်လိုက်တော့ ညနေ ၅ နာရီကျော်ကျော် .. ဒီလောက်ဆို ရောက်ခါနီးလောက်ပြီ ။ ဟိုတယ် reception တွင်လည်း ကလေးနာမည်ဖြင့် ဧည့်သည်လာမည့်အကြောင်း ပြောထားပြီးသားမို့ အဆင်သင့် ကျွန်တော့်အခန်းရှေ့ လိုက်ပို့ပေးပါလိမ့်မည် ။

" ကလစ် .. "

ဟိုတယ်အခန်း၏ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရူခင်းများကို ငေးကြည့်နေစဉ် အနောက်ဘက်မှ ကြားလိုက်ရသော တံခါးဖွင့်သံ ..

🍭 My Lollipop 🍭Where stories live. Discover now