Part 19 .. Unexpected

5.9K 672 153
                                    

I'm jealous of the Morning sun ,
Who gets to be the first to see you.
Or the coffee cup ,
Who gets to kiss your sleepy lips awake ..

💓💓💓

Byun Baekhyun's pov;

" ဟေ့ကောင်တွေ သွားမယ်လို့ .. !! "

အသေအကြေ အကတိုက်နေကြသော နှစ်ယောက်သား၏ လက်ကိုဆောင့်ဆွဲရင်း ခေါ်နေသော်ငြား ဘယ်အချိန်ကတည်းက အပိုးကျိုးသွားမှန်းမသိတဲ့ သကောင့်သားနှစ်ယောက်ကတော့ အဖတ်ပင်မလုပ် .. ။

" အာ .. အကတိုက်နေပါတယ်ဆို .. "

လူကိုလှည့်မကြည့်ပဲ အရှေ့တွင်အပြည့်ကပ်ထားသော မှန်ထဲမှ လှုပ်ရှားမှုများကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေရင်းမှ အသံထွက်လာသော Kim kai..

သူကမှ စကားလေးဘာလေး ပြန်ပြောသေး ..Tao ဆို ကျွန်တော်ရှိမှန်းတောင် သိရဲ့လားမသိ .. ။ သစ္စာမရှိတဲ့ သူငယ်ချင်းတွေ ..😬

" မင်းတို့တွေကလည်းကွာ ငါတစ်ယောက်တည်းမို့ ခေါ်တာကို .."

အသံကို သေးနိုင်သမျှသေးရင်း သနားစဖွယ်လုပ်လေတော့ .. ။

" စာမေးပွဲက နီးနေပါပြီဆို .. မင်းတို့ Vocal က ခဏကျင့်ရုံနဲ့ရပြီးသား .. Dance သမားတွေက ကကွက်မရရင် သေရောကွ .. လိမ္မာပါတယ် .. အသံပဲ သေချာသွားကျင့်နေ ဟုတ်ပြီလား "

သွားချင်နေပါပြီဆို တရားလာချနေသော Kai အား ဆောင့်ကန်ချင်စိတ် တဖွားဖွား .. ဘယ်အချိန်ကတည်းက အဲ့လောက်ကြိုးစားတတ်သွားကြပါလိမ့် .. အလကား !! အထင်ကြီးနေရင် အားလုံးမှားမယ် ။

သူတို့ရဲ့ မတော်ရသေးတဲ့ ရည်းစားတွေက ဟိုအမှတ်ရမှအဖြေပေးမယ် .. ဒီအမှတ်ရမှ အဖြေပေးမယ်ဆိုပြီး ခြိမ်းခြောက်ထားလို့သာ .. အခုကတည်းက ကြောက်တတ်လိုက်ပုံများ .. ။

အမေတွေ အဖေတွေ ဆုံးမကတည်းက အဲ့လိုသာ နားထောင်မယ်ဆို မိဘတွေ အပျော်လုံးဆို့ပြီး အမွေတွေအကုန်လုံးတောင် ပေးလိုက်ဦးမယ် ..။

ဪ .. မွေးရကျိုးနပ်လိုက်တဲ့ သားတွေ ။

" တော်ပြီမလိုက်နဲ့ .. ကိုယ့်ဘာသာ သွားမယ် "

ထပ်ပြောလည်း အချိန်ကုန်ရုံသာရှိမည်မို့ အကပြူးပြဲတိုက်နေကြသည့် နှစ်ယောက်သားအား ပလစ်လိုက်ရင်း Dance room ထဲမှ ထွက်လာခဲ့လိုက်တော့သည် ။

🍭 My Lollipop 🍭Where stories live. Discover now