Part 21 .. Dream came True!!

5.8K 647 123
                                    

ဘယ်လောက်လွမ်းသလဲဆိုတာ စာဖွဲ့ပြနေစရာ လိုသေးတယ်လား .. ကိုယ့်အသက်ရှူသံအချက်တိုင်း ကလေးကို လွမ်းနေတယ်ဆိုရင် လုံလောက်တယ် မဟုတ်လား ကလေး .. ။

🔻🔻🔻

Baekhyun's pov;

သူ့အနမ်း၏ ကျွမ်းကျင်သေသပ်မှုများနောက် ငြင်းဆန်နိုင်စွမ်းကင်းမဲ့စွာဖြင့် သူခေါ်ဆောင်ရာနောက် စမ်းတ၀ါးဝါးဖြင့် လိုက်ခဲ့ရာမှ ကျွန်တော့်ခါးနားရှိ အင်္ကျီစကို ဆွဲဆုပ်လာသော အဖိုးကြီးကြောင့် တစ်ကိုယ်လုံးတွန့်ခနဲ .. ။

နေစမ်းပါဦး .. အဲ့အဖိုးကြီး ငါ့ကို ဟိုဟာလုပ်တော့မှာလား ။

တစ်ကြိမ်တစ်ခါက Kai တို့၏ မြောက်ပေးမှုကြောင့် ကြည့်ခဲ့ဖူးသော BL series များတွင် မြင်ခဲ့ရသော ဟိုမြင်ကွင်းများကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာသည်မို့ ကြက်သီးများ ဖြန်းခနဲ ..

မဖြစ် .. လုံးဝ လုံးဝ မဖြစ်ဘူး !!!

" မဖြစ်ဘူး !!!!!!!!! "

ကျွန်တော့်အပေါ်တွင် အုပ်မိုးကာ ကျွန်တော့်နှုတ်ခမ်းများအား အားရပါးရ စားသုံးနေဆဲဖြစ်သော အဖိုးကြီးအား ကိုယ်တိုင်ပင် မသိလိုက်ခင် ခြေထောက်ဖြင့် ကန်ထုတ်မိလျက်သား ..

" အားးးးး ကလေးရေ .. သေပါပြီ .. ဘာလို့ကန်တာလဲ ကလေးရ "

အတော်လေး နာသွားဟန်တူသည့် အဖိုးကြီးက ခါးအားတကျွတ်ကျွတ်ဖြင့် ဖိပွတ်ကာ ငိုသံကြီးဖြင့် ကျွန်တော့်အား ပြောလေတော့ ကုတင်ပေါ်လှဲလျက်သားဖြစ်နေရာမှ ငုတ်တုတ် ထထိုင်မိသည် ။

" ခင်ဗျားကြီး ကျွန်တော့်ကို ဟိုဟာ လုပ်မလို့မဟုတ်လား !! "

ကျွန်တော့်စကားကြောင့် ခါးကိုကိုင်ကာ ရှူံ့မဲ့နေသော အဖိုးကြီးက နားမလည်ဟန်ဖြင့် ကျွန်တော့်အား မော့ကြည့်လာလေသည် ။

" ဘယ်ဟာလဲ ကလေးရဲ့ .. "

ဟင်း .. ဟင်း ။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးကြီး ။ မသိရင်ခက်မယ် .. ။

ဖြူ စင်ရိုးသားလှသည့် အကြည့်ဖြင့် မေးခွန်းထုတ်လာသော အဖိုးကြီးအား ပစ်ပစ်နှစ်နှစ် ဝေဖန်မိသည် ။

🍭 My Lollipop 🍭Where stories live. Discover now