Part 13 .. Win Or Lost?

6.4K 671 86
                                    

I feel calm in his eyes..
I feel safe in his eyes..
I feel loved in his eyes..

•~•~•~•

Baekhyun's pov;

ကျွန်တော်နှင့် စကားအချေအတင် ပြောပြီးသည့်နောက် မာန်ချီထားသော မျက်နှာဖြင့် ကျွန်တော့်အားကြည့်လိုက်ကာ အနိုင်ပိုင်းသွားသူတစ်ယောက်သဖွယ် လှောင်ပြုံးတစ်ခုဖြင့် ကျောခိုင်းထွက်သွားသော ထိုမိန်းမအား ဆံပင်ဆောင့်ဆွဲချိန်စိတ်များ တဖွားဖွား ..

" Baekhyun na.. မင်းတို့နှစ်ယောက်အကြောင်း ငါတို့ကလွဲပြီး သိတဲ့လူမရှိတာကို အဲ့မိန်းမက ဘယ်လိုသိသွားတာလဲ "

ထွက်သွားပြီဖြစ်သော ထိုမိန်းမအား မေးဆတ်ပြရင်း နားမလည်ဖြင့် Kai က မေးလာသော်ငြား ပြန်မဖြေတတ်ပါလေ .. ကျွန်တော် ကိုယ်တိုင်လည်း စဉ်းစားမရ ..

" ဘယ်လိုသိသိ အဓိကက ဒီမိန်းမကို နိုင်ဖို့ပဲ "

ကျိန်းဝါးလိုက်သော ကျွန်တော့်လေသံကြောင့် ဟိုနှစ်ယောက်မှာ အံဩတကြီး ပြူးကြည့်နေကြလေရဲ့ .. ဒီလို စိတ်အားထက်သန်နေသော ကျွန်တော့်ပုံစံကို တွေ့ရဖို့ ခက်ခဲလှသည် မဟုတ်ပါလား ။

" အခုချက်ချင်း အကလေ့ကျင့်ဖို့သွားမယ် .. လာခဲ့ !!! "

လွယ်အိတ်ကို ကောက်ဆွဲကာ အကခန်းမဖက် မကျေမနပ်ဖြင့် ဆက်တောက်ဆက်တောက်လျှောက်ကာ ပါးစပ်မှလည်း ထိုမိန်းမအကြောင်း ပွစိပွစိ ရေရွတ်နေသော်ငြား စကားပြန်ထွက်မလာသည်မို့ အနောက်ကိုလှည့်ကြည့်မိတော့ Kai နဲ့ Tao ရဲ့ အရိပ်ကလေးပင် မမြင်ရ ။ ဘယ်ကမ္ဘာမှာများ သွားအိပ်နေကြသလဲ 😬😬😬 ..

" ဂါးးးး လဒတွေ အားကိုးလို့ကို မရဘူး "

မီးတောက်လုဆဲဆဲ မျက်လုံးများဖြင့် အနောက်သို့ ပြန်လှည့်ကာ ထမင်းစားခန်းသို့ ခြေထောက်များအား ဦးတည်လိုက်မိသည် ။

ခုနကနေရာတွင် ထိုင်မြဲထိုင်နေကာ တစ်လက်မလေးပင် မရွေ့ပဲ စားပွဲပေါ်ရှိ အစားအသောက်များအား မစားဖူးသည့်အလား ခေါင်းမဖော်စတမ်း စားသောက်နေကြသူများ၏ ကျောပြင်အား မြင်လိုက်ရသည်နှင့် ပြေးကြည့်စရာပင် မလိုပါ ။ ချစ်သော သူငယ်ချင်းနှစ်ယောက်သာ ဖြစ်မည်လေ ..

🍭 My Lollipop 🍭Where stories live. Discover now