Feeling Note(Plz read)

6.7K 503 122
                                    

အင်းး fic ဖြင့် မဒိတ်ပဲ feeling note တွေ လာပြန်ပြီရယ်လို့တော့ စိတ်မပျက်လိုက်ကြပါနဲ့..

Ongoing ဖြစ်နေတဲ့ fic က ဒီတစ်ခုတည်းရှိတာမို့ ခင်ဗျားလေးတို့ကို ဒီကနေပဲရင်ဖွင့်ရမှာမို့..  .😓😓

Fic တွေ update မလုပ်ဖြစ်တာကြာပြီ..  သတိထားမိတဲ့လူရိမယ် မထားမိတဲ့လူရိမယ် .. နှစ်လနီးပါးတောင်ရှိပြီထင်တယ် fic တွေမရေးဖြစ်တာ..

အလုပ်ကိစ္စ ?? ဟင့်အင်း တစ်ကယ်တော့ အလုပ်ကအကြောင်းပြချက်သက်သက်ပဲ..  အခုဖြစ်နေတာက ရေးကိုမရေးချင်တာ.. ဘာတစ်ခုမှလဲ စဉ်းစားလို့မရသလို ဘာ အိုင်ဒီယာမှလည်းမထွက်လာဘူး ။

ဘာလို့လဲ ??

အဓိကအကြောင်းအရင်းက ကိုယ့်ဘာသာအားမရတော့တာ.. သူများရေးတဲ့ဇာတ်လမ်းတွေဖတ်တယ်.. ကိုယ့်အရေးအသားနဲ့ ပြန်နှိုင်းယှဉ်တယ်.. ဘာမှအားရစရာမရှိဘူး ။

အခုမျက်လုံးတွေအခြေအနေမကောင်းဘူး.. အရင်ပါဝါ ၄၀၀ ကနေ အခုဘယ်လောက်အထိဆက်တက်လာသလဲ ကိုယ့်ဘာသာတောင်မသိဘူး.. ။

အမှန်အတိုင်းပြောရရင် အားကျတယ်..

ကျွန်မလည်း လူသားတစ်ယောက်ပဲ လောဘရှိတာပေါ့နော်.. fic အကြောင်းဘာလေးတင်တင် comment တွေပလူပျံနေတဲ့ author တစ်ချို့ရဲ့ acc တွေကိုကြည့်ရင်း အားကျတယ်..

Update တွေ အပြိုင်အဆိုင်တောင်းကြ.. Newfeed ပေါ် ပလူပျံနေကြတဲ့ တစ်ချို့ author တွေရဲ့ fic တွေကိုကြည့်ရင်း အားကျတယ်..

အဲ့အကြောင်းကို တစ်ယောက်ကို ရင်ဖွင့်မိတော့ အဲ့တာဆို ဘာလို့ဆက်ရေးနေတာလဲတဲ့.. ။

မျက်လုံးတွေအပျက်ခံ အကန်းခံပြီး နင့်အတွက်ဘာအကျိုးရှိလို့လဲတဲ့ .. ။

အင်းး အဲ့တော့ စဉ်းစားမိတယ်.. ။

Fic အကြောင်းတစ်ခုခုတင်လိုက်တာတောင် ခြောက်ကပ်နေတဲ့ comment box..
Fic အကြောင်း Wp မှာ Wallpost လေးတင်လိုက်တိုင်း reply မရှိတာတွေ..
Value of Season 2 တင်လိုက်ပေမယ့် အသိညီမလေးတွေကလွဲ လက်ချိုးရေလို့ရတဲ့ feedback အနည်းအကျဉ်း.. ။

ဒါတွေအားလုံးပေါင်းလိုက်တော့ မျက်ရည်ပူတွေကျတဲ့အထိ ဒီဇာတ်လမ်းတွေရေးနေတာ ဘာအတွက်လဲ? ..

ဝါသနာအရ.. ဒါမှမဟုတ်.. အနည်းအကျဉ်းပဲ ဖြစ်နေပါစေ အားပေးနေသေးတဲ့ reader တစ်ချို့ကြောင့်လား ။

ဟိုဒီအတွေးတွေကြောင့် ဘာတစ်ခုပဲမရေးဖြစ်ပဲ ဝေလည်လည်လုပ်နေတာရယ်.. ။

ကျွန်မလောဘတွေတက်နေတာသိတယ်.. ရတဲ့နေရာလေးမှာ မတင်းတိမ်နိုင်ပဲ ဒီထက်ပိုလိုချင်နေတဲ့ ဥာဉ်ဆိုးကြီးကို ကိုယ့်ဘာသာသတိထားမိတယ်..

တစ်ခြား author တွေနဲ့ နင့်နဲ့ တူမှမတူတာပဲလေလို့ တွေးရင်း စိတ်ဖြေတယ်.. ။

တစ်ယောက်ကပြောတယ်.. အကန်းခံမလား ဆက်ရေးမလားတဲ့.. အိုးး ရုတ်တရတ်တွေဝေသွားတယ်.. ။ ဝါသနာအတွက် အကန်းခံမှာလားဆိုတဲ့ ဒဲ့တိုးနှိပ်ကွပ်မှုကြောင့်လည်း ပါတာပေါ့လေ 😂😂

ထားပါလေ..ဒီတိုင်းဘာရယ်မဟုတ် အခုရက်ပိုင်းခံစားနေရတာလေးကို ရင်ဖွင့်တာ..

ရင်ဖွင့်စရာလူက ခင်ဗျားလေးတို့ပဲရှိတာမဟုတ်လား.. ဒါနဲ့ ခင်ဗျားလေးတို့ကို မလေးစားတာမဟုတ်ဘူးနော်.. အဲ့လိုတော့ မတွေးကြနဲ့ 😘😘

စိတ်ရူးပေါက်နေတာလေးလည်းပြောရင်း update မလုပ်ဖြစ်တဲ့ reason လေးလည်းပေးရင်း.. ။

ခင်ဗျားလေးတို့ စိတ်မညစ်သွားဘူးမဟုတ်လား ။ မငြိုငြင်ရဘူးလေနော် 😭😭 ..

အင်းး ဒီ fic လေးရဲ့ ဇာတ်သိမ်းပိုင်းကိုတော့ facebook မှာတော့ပြောထားသေးတယ် ခင်ဗျားလေးတို့ သတိထားမိမယ်မထင်ပါဘူး viewer 100 k ပြည့်တဲ့နေ့ တင်ပေးပါ့မယ် 😘😘

ချစ်ပါတယ် စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်..

လေးစားစွာဖြင့် PuppyYoda_Lover

You've reached the end of published parts.

⏰ Last updated: Jun 05, 2018 ⏰

Add this story to your Library to get notified about new parts!

🍭 My Lollipop 🍭Where stories live. Discover now