Part 1 .. Meet with Him

16.4K 1.1K 94
                                    

အချစ်သည် သူ့၏ အပြုံးတစ်ချက်ကို အမှတ်တမဲ့တွေ့မိရာမှ စတင်ခဲ့သည် ။

🍭🍭🍭

Baekhyun's pov;

" ဟေ့ကောင် baek .. ဖြစ် .. ဖြစ်ရော ဖြစ်ပါ့မလားကွာ .. ငါ .. ငါ ကြောက်တယ်ဆို "

ယောက်ျားလေးမဟုတ်တဲ့အတိုင်း လက်တစ်ဖက်ကို တောက်တဲ့ကပ်ထားသလို ခွာမရအောင် တွယ်ကပ်နေလိုက်ပုံများ .. ထစ်ထစ်ငေါ့ငေါ့နဲ့ မျက်နှာမှာလဲ သွေးမရှိတော့ .. ။ ဪ .. ငါ့လို သတ္တိကောင်းတဲ့လူ ဒီလောကမှာ မမွေးသေးဘူးထင်ပါရဲ့လေ ။

" လဒကောင်ရဲ့ .. မေးနေတာဖြေ !!! "

ဘေးနားမှာ အတင်းတွယ်ကပ်နေတဲ့ Tao ကို ကြည့်ရင်း ကိုယ့်သတ္တိကို ချီးကျူးကာ ပီတိဖြာနေစဉ် သည်းမခံနိုင်တော့ဟန်တူတဲ့ Tao က .. ကြီးနိုင်ငယ်ညဉ်းလုပ်ကာ ခေါင်းကို လာရိုက်သည်မို့ မကျေမနပ် မျက်စောင်းထိုးမိသည် ။

" Tao ကလည်းကွာ .. မင်းနဲ့ ငါ နှစ်ယောက်တည်းမှ  မဟုတ်တာကို "

ပြောရင်း အနောက်မှာ ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးမတ်တပ်ရပ်နေသော Kai အား မျက်စိပစ်မိတော့ Tao ခမျာလည်း ငိုမဲ့မဲ့နဲ့ပဲ Kai ကို အကူအညီတောင်းရှာသည့် သနားစရာမျက်ဝန်းလေးနဲ့ လှမ်းကြည့်နေလေရဲ့ ..

" ငါ ဒီအိမ်ထဲ ၀င်မယ်လို့ ပြောမိလို့လား ? "

Kai က သူတို့သုံးယောက်ရှေ့မှာ စိတ္တဇဆန်စွာဖြင့် အပင်များနွယ်တက်နေပြီး ကြောက်စရာကောင်းလှသော မှောင်မဲနေသည့် နှစ်ထပ်တိုက်အိုကြီးအား လက်ညှိုးထိုးရင်း မျက်နှာရှူံ့မဲ့ကာ ပြောလေရဲ့ ..

တစ်ကယ်တော့ အခုလို သူတို့သုံးယောက် သရဲခြောက်သည်ဟု နာမည်ကြီးသည့် တိုက်ရှေ့ရောက်နေရသည့် အဓိက တရားခံမှာ အမွှေစိန် Byun Baekhyun ကြောင့် .. ။

ဆရာကြီးလိုလို ဘာလိုလိုဖြင့် သတ္တိကောင်းစွာ Lee JeonSub တို့အဖွဲ့ဖြင့် ဇယ်တောက်တိုင်းဆော့ရန် သွားစိန်ခေါ်လေတယ်တဲ့ .. ဟိုအဖွဲ့က ဇယ်တောက် ချန်ပီယံတွေ .. ကစားနည်းကလည်း အတော်လေးကြီးကျယ်သကိုး ..

ဖင်မနိုင်ဘဲ ပဲကြီးစားချင်တာလေ .. အလောင်းအစားကလည်း ရှူံးတဲ့လူက သရဲခြောက်သည်ဟု နာမည်ကြီးသော ထိုအိမ်ထဲမှာ ညအိပ်ရန်တဲ့ .. ဘယ်လောက်များ အသေသတ်ပစ်ချင်စရာ ကောင်းလိုက်သလဲဆိုတာ .. ။

🍭 My Lollipop 🍭Where stories live. Discover now