Part 15 .. Reason is..

5.9K 637 64
                                    

I wish I could give you my pain just for one moment..
Not to hurt you, 
But to make you understand..
How much you hurt me..

•~•~•~•

Chanyeol's pov;

ယိုင်နဲ့နေသော ထရံကြားထဲမှ မရမကတိုးဝင်တာ ကျွန်တော်အိပ်စက်အနားယူနေသော မညီမညာခင်းထားသော သစ်သားကြမ်းခင်းပေါ် ကျရောက်လာသော နေရောင်စူးစူးကြောင့် ဆက်အိပ်၍လည်း မရတော့ပါလေ ..

တစ်ကြိမ်တစ်ခါမှ မအိပ်ဖူးသည့် သစ်သားကြမ်းခင်းကြောင့်ထင်ရဲ့ .. ထလိုက်တာနဲ့ နာကျင်နေသောခါးကြောင့် လက်သီးဆုပ်ကာ ခါးအား အနာသက်သာလို သက်သာငြား ထုနေမိသည် ။

အနည်းငယ်သက်သာသလိုဖြစ်သွားသည်မို့ ကြမ်းခင်းတွင်ခင်းထားသော စောင်ပါးလေးကို သပ်သပ်ရပ်ရပ်ခေါက်လိုက်ပြီး နှစ်ပေါင်းများစွာအိပ်ထားမှန်းသိသာလွန်းသည့် ခေါင်းအုံးလေးပေါ် ထပ်ထားလိုက်တော့ အိပ်ရာသိမ်းသည့်အလုပ် ပြီးသွားလေပြီ ။

တောင်ပေါ်ဒေသဖြစ်သောကြောင့် တစ်ခြားနေရာများထက်စာရင် ပိုပြီးချမ်းစိမ့်နေသည်မို့ ကံကောင်းထောက်မကာ အနွေးထည်ထည့်လာမိသော ကိုယ့်ကိုကိုယ်သာ ချီးကျူးမိတော့သည် ။

" ဟယ် .. သားလေး နိုးလာပြီလား "

ထိုင်နေရာမှ ထရင်ပြင်ဆင်နေတုန်း အနားသို့ တုန်တုန်ရီရီဖြင့် ရောက်လာသော အဘွား၏ အပြုံးချိုချိုကြောင့် ခပ်မြန်မြန်ပဲ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်မိသည် ။

" Nae.. နိုးလာပါပြီ .. "

သေချာပေါက်နွမ်းဖတ်နေမည် ဖြစ်သော မျက်နှာအား အဘွားမရိပ်မိနိုင်ရန် ပါးချိုင့်ပေါ်သည်အထိ ပြုံးပြမိသည် ။

" အင်း .. သားလေးလည်း ဒီမှာနေရတာ ၃ ရက်တောင်ရှိသွားပြီဆိုတော့ .. ပင်ပန်းနေရှာမှာပဲ "

အားနာစွာဖြင့် ဆိုလာသော အဘွားကြောင့် အတော်လေးစိတ်မကောင်းဖြစ်သွားမိသည် ။ လူကြီးတွေကို လိမ်လို့မရဘူးဆိုတာ အမှန်ပင်ဖြစ်ပါလိမ့်မည် ။

" ဘာမှ အားနာစရာမလိုပါဘူး အဘွားရယ် .. ကျွန်တော် အမြဲတမ်းဒီကို လာနေကြပဲကို .. "

🍭 My Lollipop 🍭Where stories live. Discover now