Part 22 .. Good Night

8.4K 632 61
                                    

ဘယ်လောက်ပဲ အေးနေပါစေ .. ကလေးကို ခပ်ဖွဖွပွေ့ဖက်ရင်း အနွေးဓာတ်ယူမယ် ..
ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့လမ်းဖြစ်ပါစေ .. ကလေးရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ဖြတ်ကျော်မယ် .. ။

🍭🍭

Baekhyun's pov;

UG Entertainment..

ကားပေါ်မှ မဆင်းသေးဘဲ အဆောက်အဦး၏ အရှေ့တည့်တည့်တွင် ပြောင်လက်စွာရှိနေသော တံဆိပ်ကို လှမ်းကြည့်မိရုံနှင့် လက်များပင် အေးစက်လာသလို ..

" ကိုကို .. ကလေးအဆင်ပြေပါ့မလား "

ကျွန်တော့ဂျီကျမှုကြောင့် ကျောင်းမှခွင့်ယူလိုက်ကာ Entertainment အထိ တကူးတစ်က လိုက်ပို့ပေးသော ကိုကို့အား လှည့်မကြည့်နိုင်သေးပဲ အဆောက်အဦးဝင်ပေါက်ကိုသာ အကြည့်များပို့ထားရင်းမှ မေးခွန်းထုတ်မိသည် ။

" ရော် ကလေးကလည်း .. ကလေးရဲ့ အသံကိုကြိုက်လို့တောင် တကူးတက ဖုန်းဆက်ပြီးခေါ်တာကို .. အဆင်မပြေစရာလား ကလေးရယ် .. "

အေးစက်နေမည်ဖြစ်သော ကျွန်တော့်လက်အား ခပ်တင်းတင်းဆုပ်ကိုင်ရင်း နူးညံ့သောအပြုံးနှင့် အားပေးစကားကြောင့် နည်းနည်းတော့ စိတ်အေးသွားရသလိုပါ ..

" ကိုကိုပါ အထဲလိုက်ခဲ့ပါလားဟင် .. "

တွဲထားသောလက်ကို ဖြုတ်လိုက်ပြီး ကိုကို့လက်မောင်းအား အတင်းချိတ်ကာ ဂျီတိုက်မိသည် ။

ညာလက်မောင်းမှာ ကျွန်တော်ချိတ်ထားသည်မို့ ကားစတီယာတိုင်အား ကိုင်ထားသည့် လက်ကိုခဏလွတ်လိုက်ပြီး ကျွန်တော့် ဆံပင်တို့အား ရယ်ရင်းအသာဖွလေရဲ့ ..

" ဟား .. ကိုကို့ကလေးကလည်းကွာ .. မရမှန်းသိသားနဲ့ ဂျီတိုက်နေတယ်ရော "

ရှိသမျှ အေဂရိုတို့အား ထုတ်သုံးရင်း တဖျက်ဖျက်လက်နေသော မျက်လုံးတောက်တောက်လေးဖြင့် မြူ ဆွယ်နေရာမှ ပိတ်ငြင်းလိုက်သည့် ကိုကိုကြောင့် ချိတ်ထားသည့် ညာလက်မောင်းအား မကျေမနပ်ဖြင့် ဖယ်ထုတ်လိုက်မိသည် ။

မရမှန်းသိတာတော့ သူပြောမှလား .. ရလိုရငြားလေး ပြောကြည့်တာကို ..

🍭 My Lollipop 🍭Where stories live. Discover now