Part 14 .. The end of story

6.1K 762 140
                                    

He put me
Through Hell..
And I
call it ..
L O V E.. 

«•«•«• My Lollipop »•»•»•

Baekhyun's pov;

" အမှတ်ပေါင်းကတော့ .. "

ချွေးစေးများကြောင့် စိုနေသောလက်နှစ်ဖက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ဒိုင်လူကြီး၏ စကားအား စိတ်လှုပ်ရှားစွာ နားထောင်နေမိသည် ။

သူမ၏ အမှတ်က 83 မှတ်တောင်မို့ ဒီထက်ကျော်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါလေ .. ဒါပေမယ့် ရက်ပိုင်းများစွာ အိပ်ချိန်ပင်မရှိတော့သည်အထိ ကြိုးစားလေ့ကျင့်ခဲ့သော ရလဒ်သည် ထင်သလောက်ဆိုးဝါးလိမ့်မည်ဟုတော့ မထင်ပါလေ ..

ထို့ပြင် အောက်မှလက်ခုပ်သံများက သူမထက် မသာလျှင်တောင် နည်းတော့မနည်းပါ .. ။

" 78 မှတ်ပါ "

ကြေငြာသံအဆုံး ထွက်ပေါ်လာသည့် လက်ခုပ်သံများကို ကြားနိုင်စွမ်းပင်မရှိတော့ .. ဒီလောက်အထိ ကြိုးစားခဲ့သည် ။ အပင်ပန်းခံခဲ့သည် ။ သို့ပေမယ့် ကျွန်တော်ဟာ နဂိုအတိုင်းရှူံးနိမ့်နေဆဲသာ ..

ကျလုဆဲဆဲမျက်ရည်များအား ထိန်းချုပ်လိုက်ပြီးနောက် စင်အောက်ကို ဆင်းလာခဲ့တော့ အဆင်သင့်အားပေးရန် စောင့်နေကြသည့် Kai နဲ့ Tao.. 

" ဟေ့ရောင် .. တစ်ခါမှ အမှတ် ၅၀ မကျော်ဖူးတဲ့လူက ၇၈ မှတ်တောင်ရတယ်တဲ့ .. ဝေါင်းနော် .. ဝေါင်း !! "

" ဟင်း ဟင်း .. ဆရာတွေ တော်လို့မဟုတ်ဘူးလားကွာ "

" ဒါပေါ့ ဒါပေါ့ !! "

ကျွန်တော့်၏ ပြိုကျမတတ်ဖြစ်နေသော မျက်နှာကိုပင် မထောက် အချင်းချင်း ကိုယ့်ဂုဏ်ကိုယ်ဖော်နေကြသော ထိုနှစ်ယောက်အား စကားပင် ပြောချင်စိတ်မရှိပါ .. စိတ်တိုင်းကျ ကန်လွတ်လိုက်လျှင်ဖြင့် ကျောင်းအပြင်သို့ လမ်းလျှောက်စရာမလိုပဲ အော်တိုရောက်သွားမည်ထင်ရဲ့ ..

" မင်းမျက်နှာကလည်း ဘာဖြစ်နေတုန်း ? မုန့်ဝယ်ကျွေးရတော့မှာစိုးလို့ ဖြစ်ပျက်နေတာလား !! Byun baekhyun ဘာမှ ကူလီကူမာ ဗရမ်းပတာတွေ မလုပ်လာနဲ့နော် .. ကျွေးရမှာက ကျွေးရမှာပဲ "

🍭 My Lollipop 🍭Where stories live. Discover now