Part 3 .. You make me Smile ^_^

9.3K 944 129
                                    

နှလုံးသားလေးသည် သူ့နှင့် တွေ့စဉ် ဂနာမငြိမ် ပျော်မြူးစွာ ခုန်ပေါက်နေသည် ။
နှူတ်ခမ်းတစ်စုံသည် သူ့နှင့်တွေ့စဉ် ကိုယ်တိုင်တောင်မသိခင် နှစ်ခြိုက်စွာ ပြုံးနေသည် ။

💓💓💓

Baek's pov;

ကွင်းကို အပတ် ၂၀ ပြေးထားရတာကြောင့် မထူနိုင်အောင် နုံးချိနေတဲ့ ခြေထောက်ကို ကြိုးစားထောက်ရင်း သူရှိနေရာနေရာသို့ တစ်လှမ်းချင်းအားယူကာ သွားမိသည် ။

ဆေးခန်းရှေ့ရောက်သည်နှင့် ချက်ချင်းမ၀င်သေးပဲ ပိတ်ထားသောတံခါးကိုကြည့်ရင်း နှစ်ခြိုက်စွာပြုံးမိသည် ။ သူ့ကို မမြင်ရသေးပေမယ့် ဒီတံခါးအနောက်မှာ သူရှိနေသည်ဟူသော အသိတစ်ခုကပင် ကျွန်တော့်ကို ပြုံးအောင်လုပ်နိုင်သည်အထိ .. ထိုအဖိုးကြီးမှာ စွမ်းအားတွေ ရှိနေသည်တဲ့လား ။ 

" ဒေါက် ဒေါက် "

တံခါးခေါက်လိုက်သည်နှင့် ခုနက ပြုံးနေသော မျက်နှာကို မျက်နှာပိုးသတ်လိုက်ပြီး သနားစဖွယ် ကလေးငယ်လေးလို မျက်နှာငယ်လေးဖြင့် ခေါင်းငုံထားလေတော့ ..

" ဟမ် .. Byun baekhyun !!! "

အဟိ .. အဖိုးကြီးက ကျွန်တော့်နာမည်ကို မှတ်မိတယ်ပေါ့လေ .. အိုက်စ် ။

" ဟင့် .. ဆရာ !! "

ဖြီးချင်နေတဲ့ မျက်ခွက်လေးကို ခေါက်သိမ်းကာဖြင့် ပလီပလာ အသံလေးဖြင့် သနားလိုသနားငြား အိုက်တင်ထုတ်ရပြန်သည် ။

" ဘာဖြစ်လာတာလဲ ? "

သူ့အသံကိုနားထောင်ရုံဖြင့် ဘယ်လောက်စိတ်ပူနေသလဲဆိုတာ ခံစားမိနေသည် ။ ဟွင်း ဟွင်း ဒါ အဲ့အဖိုးကြီး ကျွန်တော့်ကို ကြွေနေပြီဆိုတာ သိပ်သိသာတာ .. ဟန်ဆောင်ကာ မူပိုဦးပါလား အဖိုးကြီးရယ် .. ။

" အင့် .. "

" ဟာ .. Baekhyun သတိထားဦးလေ "

အမယ်ငီး .. ဖြည်းဖြည်းလေး လှဲချတာတောင် တော်တော်လေးနာတယ်ဟ .. မျက်စိစုံမှိတ်ကာ လဲချလိုက်ပေမယ့် ကျောတော့ နည်းနည်းလေး အောင့်သွားသေး .. ဟင့် အဲ့တာအဖိုးကြီးကြောင့် .. ။

🍭 My Lollipop 🍭Where stories live. Discover now