Part 11 .. Why so Unlucky?

8.1K 820 61
                                    

ကိုယ့်ရဲ့ အချစ်က တစ်ကိုယ်ကောင်းဆန်တယ် .. ကလေး မင်းမရှိရင် .. အသက်မရှူနိုင်တော့တဲ့အထိ .. ။

⏩⏩⏩

Baekhyun's pov;

" ရုပ်ဆိုးလိုက်တာ .. "

ကျောင်းခန်းထဲရှိ စာရေးခုံအပေါ် ခေါင်းမှောက်ထားရင်း အကြည့်တို့ကို ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ပင်ကြီးထံသို့ ပို့ထားလျက်မှ ခပ်တိုးတိုး ရေရွတ်လိုက်ခြင်း ..

သစ်ပင်အိုကြီးမှာ သူ့၏ သားသမီးသစ်ရွက်လေးများကို ဆက်ပြီးအသက်ရှင်သန်နိုင်ရန် မစွမ်းဆောင်နိုင်တော့ဘဲ လေပွေတစ်ချက်တိုက်တိုင်း သစ်ရွက်လေးများကို ခြွေချလိုက်သည်မှာ ဘယ်လောက်တောင် အကျည်းတန်လိုက်သလဲ ။

" ရုပ်ဆိုးလိုက်တာ .. "

ဒီတစ်ကြိမ်တော့ အခန်းမှတစ်ဆင့်မြင်နေရသော ကျောင်းကစားကွင်းတွင် ပြေးလွှားနေကြသော ကျောင်းသားတစ်ချို့ ..

စာသင်ချိန်မှာ စာမသင်ပဲ ဆော့နေကြတယ်လို့ .. မိဘတွေကိုမှ မသနား .. အနုပညာကျောင်းလည်း လာတတ်သေး သေချာမလေ့လာပဲ သောင်းကျန်းနေကြတာ .. အောင်မြင်ဦးမှာပါလေ .. ။

" ဟေ့ကောင် .. "

" အားးးးးး ရုပ်ဆိုးလိုက်တာ "

" ဘာ !!!! "

အသံ ( ၃ ) သံလုံး တစ်ပြိုင်နက် ထွက်လာပြီးနောက် တိတ်ဆိတ်သွားသော အခန်းအနေအထားက အပ်ကျသံတောင် ကြားရမယ် ထင်ပါ့ ..

အဲ .. အခု ဖြစ်နေတဲ့ အခြေအနေကို ရှင်းပြရမယ်ဆိုရင် .. ဆရာမ လာသည့်အကြောင်း ပြောပြရန် ကျွန်တော့်အား လှုပ်နှိုးလိုက်သော Tao ကလည်း ကျွန်တော့်အား ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် ..

ဘာတစ်ခုမှကို အမြင်မကြည်နိုင်သောကြောင့် စိတ်ရူးပေါက်ကာ ဆံပင်များကို ဆွဲဖွရင်း အော်လိုက်သော ကျွန်တော်နှင့် .. ထိုကျယ်လောင်စွာ ထအော်လိုက်သောစကားကြောင့် မျက်နှာကြီး နီရဲကာ ပေါက်ထွက်မတက်ဖြစ်နေသော အကြည့်ဖြင့် ကျွန်တော့်အား ပြူးကြည့်နေသော ဆရာမ .. ။

ဂါး .. ကျွန်တော်ဆိုသည်မှာ ဖြစ်လိုက်တိုင်း အဲ့ဆရာမနဲ့ပဲ ။ ဟိုတစ်ခေါက်က ပြဿ.   နာရှာမိသောကြောင့် ကွင်းပတ်ပြေးထားရသော ဒဏ်ရာပင် လတ်လတ်ဆတ်ဆတ်ရှိသေး .. နောက်တစ်ခု ထပ်ဖြစ်ပြန်ပါပြီလေ .. ဟင့် ငိုချင်လာပြီ ။

🍭 My Lollipop 🍭Where stories live. Discover now