Part 4 .. Kiss Or Not ??

9.3K 933 47
                                    

မြတ်နိုးစွာ နမ်းရှိုက်မိသော နှုတ်ခမ်းပါးလေးသည် ပါးလွသော်ငြား နူးညံ့သည် ။ ..
တန်ဖိုးထားစွာ ထွေးဖက်မိသော ခန္ဓာကိုယ်လေးသည် သေးသွယ်သြော်ငား နွေးထွေးသည် ။ ..

«•«•«•«• My Lollipop »•»•»•»

Baek's pov;

" ကဲကဲ မင်းတို့တွေ လိုက်ကြမှာလား မလိုက်ဘူးလား ? "

Joo Wo Sam ရဲ့ အသံမာမာကြောင့် တစ်ခန်းလုံးတုန်သွားကြသော်ငြား အသံသေးသေးလေးပင် ထွက်မလာ ..

မထွက်ဆို ဘယ်သူမှမလိုက်ချင်တာကိုး .. မလိုက်ချင်ဆို သွားရမှာက ဟိုးနယ်စွန်နယ်ဖွားက ရွာသေးသေးလေးတစ်ရွာကို .. ပရဟိတအဖြစ် ကူညီပေးဖို့သွားမည် ဆိုပေမယ့် အနုပညာ တက္ကသိုလ် ကျောင်းသားကျောင်းသူများပီပီ အနုအရွ အလှအပကိုသာ သဘောကျသူများဖြစ်တာကြောင့် ခက်ခက်ခဲခဲ လုပ်ရမည့် အလုပ်များကို စိတ်မ၀င်စားကြပါလေ ..

" ဟင်း အဲ့တာဆိုလည်း Dr Chanyeol ကိုပဲ ပြောရတော့မှာပေါ့ လူအင်အားနည်းတယ်ဆိုတဲ့အကြောင်း "

Joo wo Sam လက်မှိုင်ကျကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သောငြား မျက်လုံးပြူးထွက်လာသူက ကျွန်တော် .. မျက်လုံးများက Bling Bling ..

" ဟို Sam !!! "

ကျွန်တော် မတ်တပ်ရပ်ကာ လက်မြောက်လိုက်တော့ ဆရာက နှစ်တစ်ထောင်ဂျင်စင်းကို ကုန်းဆင်းကာ ရလိုက်သည့်နှယ် သွားသုံးဆယ့်နှစ်ချောင်းလုံး ပေါ်အောင် ပြုံးဖြီးနေလေရဲ့ ..

" Dr Chanyeol က လိုက်မှာလားဟင် ? "

" ဒါပေါ့ ဒီခရီးကို သူစီစဉ်တာလေ .. ဆေးဝါးရှားပါးတဲ့ ရွာလေးကို ဆေးကုပေးချင်လို့တဲ့ "

" လိုက်ပါ့မယ် !!!!!!!!!!!!!!!!!!!! "

" ဖြည်းဖြည်းသက်သာအော်ပါဟ ! "

ထအော်လိုက်တာ အသံများကျယ်သွားသလားမသိ .. 😁 တစ်ခန်းလုံးရှိ မိန်းကလေးများ ခုံပေါ်မှ ပြုတ်ကျကုန်ကြသလို ယောက်ျားလေးအားလုံးလည်း နားကို ပိတ်ထားရသည်အထိ .. အဟီး အပျော်လွန်သွားတာလေးကို .. 😁😁

" မင်း တစ်ကယ်လိုက်မှာလား ? "

တစ်ယောက်လိုက်မယ်ဆိုလည်း အတော်လေး အားတက်စရာကောင်းသည်မို့ Joo Wo Sam ခမျာ အားကိုးသည့် မျက်ဝန်းရွဲကြီးဖြင့် သနားစရာကောင်းအောင် ကြည့်နေလေရဲ့ .. အင်း အစကမလိုက်ဖို့ လုပ်ထားပေမယ့်လည်း ဆရာတစ်ယောက်လုံးက ဒီလောက် တောင်းဆိုနေမှတော့ .. အားနာပါးနာနဲ့ လိုက်မှပါလေ ..

🍭 My Lollipop 🍭Where stories live. Discover now