Part 6 .. Together with me

8.8K 940 78
                                    

လူအများကြားထဲမှာ ရယ်မောနေတဲ့ သာမာန်ကောင်လေးတစ်ယောက်မျှသာ ဖြစ်ပေမယ့် .. အဲ့ဒီအပြုံးလေးနဲ့အတူ လူတွေကြားထဲ လင်းလက်တောက်ပနေတဲ့ မင်းရဲ့ ရောင်ဝါတွေက တောက်ပလွန်းလို့ .. ကိုယ် .. မျက်စိကျိန်းလောက်အောင်ပဲ .. ။

‹°‹°‹°      My Lollipop     ›°›°›°

Baekhyun's pov ;

" Byun Baekhyun !!!!! "

~ အောင်မယ်လေး လန့်လိုက်တာ ။

နားနားသို့ ကပ်ကာ အော်လိုက်သောအသံကြောင့် ကြည်နူးစရာအိမ်မက်လေး မက်နေတာတောင် ဘယ်ကမ္ဘာရောက်သွားမှန်းမသိ ။

အိမ်မက်ထဲ ချစ်ရသော ဒေါက်တာကြီးနဲ့ လျှောက်လည်နေပါတယ်ဆိုမှ .. ကောင်းခန်းရောက်နေမှ လာနှောင့်ယှက်သူအား ရန်ရှာရန်အတွက် မျက်လုံးများကို ဖွင့်မိလိုက်တော့ ၀ိုင်းနေတဲ့မျက်လုံးအား ပို၍ပြူးထားကာ ကျွန်တော့်အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသော အဖိုးကြီး ။

" အာ .. လန့်လိုက်တာဗျာ ဖြည်းဖြည်းမအော်ဘူး "

" ကောင်းကောင်းနှိုးတော့ရော မင်းက ထလာလို့လား ? တစ်ကားလုံး အောက်ဆင်းသွားပြီ .. "

သူပြောမှ ဘေးပတ်ပတ်ကို လေ့လာအကဲခတ်မိသည် ။ ဟုတ်သား ကားပေါ်တွင် လူပင်မရှိတော့ ..

" အဟီး "

စူပုတ်နေသော အဖိုးကြီးအား ပြေလိုပြေညားဖြင့် ချစ်စဖွယ်လက်နက်အား ထုတ်သုံးကာ ပြုံးပြမိသည် ။ 😁😁

" ရယ်မနေနဲ့ သွားမယ် .. လာ "

" ဟုတ် .. "

ရာသီဥတု သိပ်အခြေအနေမကောင်းမှန်း ရိပ်မိသည်မို့ ထပ်ပြီး အတွန့်မတက်ရဲတော့ပဲ သူ့နောက်မှ ငြိမ်ကုတ်ကာ လိုက်လာရင်း ကားပေါ်မှ ဆင်းလာခဲ့တော့သည် ။

" ၀ါးးး လှလိုက်တာ "

ကားပေါ်က ဆင်းလိုက်သည်နှင့် မြင်ရသည့် ရူခင်းက အတော်လေးလှပကာ ကြည်နူးဖွယ်အတိ ..

လယ်ကွင်းအကျယ်ကြီးထဲတွင် ကျက်စားနေကြသော နွားများကိုလည်း မြင်ရသလို .. ထိုကွင်းပြင်ကျယ်ထဲတွင် ယိုင်နဲ့စွာ ဆောက်ထားဟန်တူသော တဲအိမ် ၁၅ လုံးခန့်ကိုလည်း ခပ်ရေးရေး လှမ်းမြင်နေရသည် ။

🍭 My Lollipop 🍭Where stories live. Discover now