Part 17 .. Six Packs

7.1K 749 94
                                    

ကိုယ့်နှလုံးသားလေးကလည်း မင်းအတွက် ..
ကိုယ့်အချစ်ကလည်း မင်းအတွက် ..
ကိုယ့်ဘ၀ကလည်း မင်းအတွက် ..

««««

Chanyeol's pov;

" အားးးး မူးလာပြီ .. "

Laptop တစ်လုံးကို ရှေ့ချရင်း ဆံပင်များကို ဆွဲဖွကာ စိတ်ရူးပေါက်ပေါက်အော်ဟစ်နေသော ကျွန်တော့်အား ကျောင်းအတူတက်ခဲ့သော သူငယ်ချင်းများသာ အခက်မသင့် မြင်သွားခဲ့မည်ဆိုပါလျှင် Park Chanyeol တစ်ယောက် လူစားထိုးခံလိုက်ရပြီဟုပင် ထင်ကြမလားမသိပါလေ .. ။

ဆက်ကြည့်လည်း ပိုဆိုးရုံပင် ရှိမည်မို့ ကြည့်လက်စ Laptop အား ပိတ်လိုက်ပြီးနောက် အသားကုန်အားစိုက်ထားရသော မျက်လုံးအား အနားပေးရင်း ခုတင်ပေါ် လှဲလိုက်မိသည် ။

" ကျစ် .. ဘယ်လိုလုပ်ရမလဲ ??? "

ဪ .. ဘ၀ကလည်း မီးခဲကို ဖင်ခုထိုင်ထားတဲ့အတိုင်း နေမရထိုင်မရ ဖင်တကြွကြွ .. အနားယူတော့မည်ဟုဆိုကာ လှဲနေသော်ငြား ရတက်မအေးနိုင်သော စိတ်ကြောင့် အလိုလိုပြန်၍ ငုတ်တုတ်ထိုင်မိလျက်သား .. ။

" ကလေးစုတ်လေးရေ .. မနက် ၄ နာရီထိုးနေပြီကွ .. ကိုယ်မအိပ်ရသေးဘူး .. "

ကျိန်းစပ်နေသော မျက်လုံးအား ပွတ်သပ်လိုက်ကာ ကလေး ကြားနိုင်မည်မဟုတ်သော်ငြား ရောက်တတ်ရာရာ လျှောက်ပြောနေမိပြန်သည် ။

သေချာပေါက် ကလေးစုတ်လေးကတော့ အဆောင်က ခုတင်ပေါ် ခြေကားယား လက်ကားယားဖြင့် အိမ်မက်ကမ္ဘာထဲတွင် ရွစိထိုးနေမည်မှာ ရာနှုန်းပြည့်ပင် .. ကျွန်တော့်မှာသာ အချစ်ကပေးသော တာဝန်များကြောင့် အိပ်မရ .. မျက်ကွင်းများက မျက်လုံးတစ်ဝိုက်တွင်သာမက ပါးနားလောက်အထိပင် ညိုမဲစွဲနေသလို .. ။

Romantic propose ၁၀ ကြိမ်ဆိုတာ ပြောတော့သာ အလွယ်လေး .. Idea ရှာရသည်မှာ ကျားနှုတ်ခမ်းမွေးအား အရောင်ဆိုးကာ highlights ဖောက်ပေးရသည်ထက်ပင် ပိုခက်ခဲသေးသည် ။

Romantic ဆိုသည့်စကားလုံးအား ကောင်းကောင်းပင် စာလုံးမပေါင်းတတ်သော ကျွန်တော့်အတွက်တော့ ထို mission သည် ကမ္ဘာ့အခက်ခဲဆုံးအလုပ်သာ ..

🍭 My Lollipop 🍭Where stories live. Discover now