Part 10 .. Sweet time ..

8.2K 798 100
                                    

ဆက်ပြီး ဟန်ဆောင်ဖုန်းကွယ်မနေပါနဲ့တော့ ..
ခင်ဗျားကြီး ကျွန်တော့်ကို လုံးဝကြွေကျနေပြီဆိုတာ .. သိပ်ကို သိသာနေတာမို့လို့ .. ။

*-*-*-*-

Baekhyun's Pov; 

" ချစ်တယ် .. ကျေးဇူးပြုပြီး မငြင်းပါနဲ့ .. "

သူ့ရင်ခွင်တိုးဝင်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် အဖြေတောင်းမိသည် ။ သူ့ခါးအား တင်းတင်းကြပ်ကြပ်ဖက်ထားမိတော့ ရင်ဘတ်ထဲက အကောင်က သေမလိုတွေဖြစ် ..

အပြင်ကို ပေါက်ထွက်မတက် ခုန်နေသော ရင်ဘတ်ထဲက အကောင်သေးသေးအား ထုရိုက်ချင်စိတ် တဖွားဖွား .. ကျွန်တော် ရင်ခုန်နေတာကို အဲ့အဖိုးကြီး ရိပ်မိသွားလို့ မဖြစ်ပါလေ .. မဖြစ်ဆိုတာ ရှက်လို့ .. ။

အဲ ဖက်ထားတာကို တွန်းမထုတ်ဘူးဆိုတော့ အခြေအနေမဆိုးဘူးလို့ပဲ ပြောရမလားမသိ ..

" ငါလည်း .. မင်းကို .. "

ကျေးဇူးပြုပြီး .. မငြင်းပါစေနဲ့ ။

သူ့ခါးကိုလည်း လုံးဝမလွတ်တမ်း ဖက်ထားဆဲ .. မျက်လုံးကိုလည်း မဖွင့်ရဲတာကြောင့် မျက်စိစုံမှိတ်ကာသာ ဆုတောင်းနေရသည့်ဘ၀က တော်တော်ဆိုးဆိုး .. ခြေထောက်တွေဆိုတာလေ တဆက်ဆက်တုန်နေလိုက်တာများ .. ဖက်ထားလို့သာ မဟုတ်ရင် လဲကျတော့မှာ .. ။

" မင်းကို .. "

" ရားးးးးးးးး အဖိုးကြီး !!!!!!!!!! "

ပြောစရာရှိတာကို မြန်မြန်မပြောဘူး .. ။ ရင်တုန်လွန်းလို့ သေအောင်လုပ်နေသလား မသဲကွဲ .. တော်တော်လေး စိတ်ပေါက်လာသည်မို့ သူ့ရင်ခွင်ထဲမှ ထွက်လိုက်ကာ လှောင်သလိုပြောင်သလို အရစ်ရှည်နေသော အဖိုးကြီးအား ပိတ်အော်မိသည် ။

ဟုတ်တယ်လေ .. ကျွန်တော် မလွန်ဘူးဟုတ် ။ ဘယ်နှယ့် ချစ်တယ်ဆိုတဲ့ အဖြေလေးပေးဖို့ကို သောက်ကျိုးနည်း အချိန်ဆွဲနေတော့တာ ။ မူနေရအောင် မိန်းကလေးလည်း မဟုတ် .. ချစ်သူဖြစ်သွားရင်တောင် သေချာပေါက် အပေါ်မှာနေမယ့်လူက အဲ့လောက်အထိ မူနေတာ သိပ်တော့ မဟုတ်လှပါလေ ..

ကျွန်တော် အော်လိုက်လို့ ထင်ရဲ့ .. ငါ့ကိုဘာလို့အော်တာလဲဟူသော အူကြောင်ကြောင် မေးခွန်းများ ဗရမ်းဗတာထုတ်နေသော မျက်လုံးပြူးဖြင့် လာကြည့်နေသေးသည် ။

🍭 My Lollipop 🍭Where stories live. Discover now