Part 5 .. Start of Romance

8.9K 923 82
                                    

အချစ်အကြောင်းကို ကျွန်တော်တွေးကြည့်မိတယ် .. တစ်ကယ်တော့ အချစ်ဆိုတာ Rollercoster စီးနေရသလိုပဲ .. အစပိုင်းမှာ ကြောက်ရွံ့ရတယ် .. သတ္တိမွေးရတယ် .. ဒါပေမယ့် အားလုံးကို ရင်ဆိုင်နိုင်မယ်ဆိုရင် .. အဆုံးသတ်မှာ သေချာပေါက် .. ပျော်ရွှင်ရလိမ့်မယ် .. ။

🍭 My Lollipop 🍭

Baek's pov ;

ကျွန်တော့်ခေါင်းနားသို့ တစ်ဖြည်းဖြည်းတိုးကပ်လာသော အဖိုးကြီးကြောင့် ရင်ထဲမှာတော့ နတ်ဘုရားတွေ စစ်ပွဲဆင်နွဲနေသည့်အလား .. ၀ုန်းဒိုင်းကြဲနေတော့သည် ။

နမ်းစရာရှိ မြန်မြန်မနမ်းဘူး အချိန်ကိုဆွဲလွန်းတယ် 😒😒 ..

အတွေးများ လွန်ဆွဲနေတုန်းမှာပဲ ကျွန်တော့်နှုတ်ခမ်းအနား အသည်းယားစရာကောင်းလောက်အောင် တိုးကပ်လာသည်မို့ ကိုယ်တိုင်ပင်မသိလိုက်ခင် မျက်လုံးအစုံဟာ ရင်ခုန်စွာဖြင့် ပိတ်လျက်သား ..

" မင်း ဆံပင်တွေဖြူ နေတာလား ? "

" ဘာ !!!!!!!! "

လဲကျလုဆဲဆဲဖြစ်သွားသည့် ကျွန်တော့်ကို တွဲယှက်ထားသော ခါးပေါ်ရှိသူ၏လက်ကို ဖယ်လိုက်ကာ ဒေါသတကြီးအော်မိသည် ။

" မင်း ဆံပင်ဖြူ နေသလိုတွေ့လို့ နှုတ်ပေးမလို့လေ "

ဪ ဪ .. သိပ်ရိုးသားသူကြီးပေါ့လေ .. မသိရင် ဘာတစ်ခုမှနားမလည်တဲ့ သူငယ်လေးလိုလို .. ဟွင်း မြေခွေးအိုကြီး 😈😈😈 ..

" ဖြူ ဖြူ ပေါ့ .. ခင်များကြီးအပူပါလို့လား !!!!! "

ရှက်တာရော ဒေါသထွက်တာရော ပေါင်းလိုက်တော့ တစ်ကိုယ်လုံး အငွေ့များပင်ထွက်လာသလို .. ဘယ်လောက်အထိ ကိုင်ဆောင့်ပစ်ချင်စရာကောင်းလိုက်သလဲဆိုတာ .. ။

ခင်များကြီးဆိုသည့် အခေါ်အဝေါ်ကြောင့်လားတော့မသိ မည်းနက်နေသော မျက်ခုံးတို့က အလိုမကျစွာ တွန့်ချိုးသွားလေရဲ့ ..

" ငါ မင်းထက်အသက်ကြီးတယ်နော် ကလေး .. ငရဲကြီးမယ်ကွ "

ဂါးးးးး သူများခေါင်းကိုများ ပိုင်စိုးပိုင်နင်း ပုတ်ရအောင် သူ့ရည်းစားများ မှတ်နေသလားမသိ .. ခေါင်းကိုဖွဖွပုတ်ရင်း လူကို ကလေးလိုလို လာဆက်ဆံသောအဖိုးကြီးကြောင့် အသက်ပင်တိုသွားသလို ..

🍭 My Lollipop 🍭Where stories live. Discover now