Surprise!

9.9K 525 31
                                    

ကျွန်တော့်အတွက်တော့ ဒီနေ့ ကံကောင်းခြင်းတွေပဲ ရောက်လာလိမ့်မယ်လို့ တွေးထားပေမယ့်... ကျွန်တော့်အတွေးက တက်တက်စင်အောင် လွဲသွားခဲ့တယ်...

" Abeoji... ကျွန်တော် လက်မထပ်ချင်ဘူး... "

" Yeol လေးရယ်... Abeoji တို့လည်း မင်းကို ဘယ်လက်ထပ်စေချင်ပါ့မလဲ? ဒီသားလေးတစ်ယောက်ပဲ ရှိတာလေ... "

ကျွန်တော် မျက်နှာ ညှိုးနွမ်းစွာနဲ့ Omma ကို လှည့်ကြည့်တော့ Omma က မသိမသာလေး ကျွန်တော့် အကြည့်ကို လွှဲသွားတယ်...
Abeoji ကို ပြန်ကြည့်လိုက်တော့ Abeoji က ချောင်းတစ်ချက်ဟန့်ပြီး စကားဆက်ပြန်တယ်...

" ဒါ Pyeha ရဲ့ အမိန့်လေ... Abeoji လို မြို့စားအဆင့်က Pyeha ရဲ့ အမိန့်ကို ဘယ်လို လွန်ဆန်နိုင်မှာလဲ? သားလေးရယ်... အိမ်ရှေ့စံကလည်း သားကို သဘောကျမှာ မဟုတ်ပါဘူး... "

ကျွန်တော် ဝတ်ရုံစကို လက်ထဲ ကျစ်နေအောင် ဆုပ်ထားရင်း...

" ဟုတ်ပါတယ်... ကျွန်တော်လည်း သိတယ်... ကျွန်တော့်ကို သူက ဘယ်လိုလုပ် သဘောကျမှာလဲ? သူနဲ့ လက်ထပ်လိုက်တာနဲ့ ကျွန်တော့်ဘဝက သွားပြီလေ... ဘာတဲ့? အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော်? ရှက်စရာကောင်းလိုက်တာ... ယောက်ျားအချင်းချင်းကြီးကို... "

ထိုအခါကျမှ Omma က ကျွန်တော့် ဘေးမှာ ဝင်ထိုင်လိုက်ရင်း ကျွန်တော့် ပုခုံးကို လာကိုင်ပြီး... ...

" Aww... Yeol လေးရယ်... သားလေးက အိမ်ရှေ့မင်းသားနဲ့ ဘာကြောင့် လက်ထပ်ရတယ်ဆိုတာ တစ်တိုင်းပြည်လုံး သိနေတာပဲကို... ရှက်စရာတော့ မရှိပါဘူး... "

" တစ်တိုင်းပြည်လုံးသိလို့ ရှက်တာပေါ့, Omma ရယ်... ဘယ်သူကများ မိုးခေါင်ရင် မိုးခေါင်တဲ့နှစ်မှာ အုပ်ချုပ်နေဆဲဘုရင်ရဲ့သားတော်ဖြစ်တဲ့ အိမ်ရှေ့မင်းသားနဲ့ အဲ့ဒီ့ဘုရင်ရဲ့ ၅ ဝမ်းကွဲ မောင်နှမထဲမှာမှ အငယ်ဆုံးကမွေးလာတဲ့ သားသမီးအကြီးနဲ့ လက်ထပ်ပေးရမယ်လို့ ပြောခဲ့သလဲ မသိဘူး... " လို့ ကျွန်တော် အင်တင်တင်နှင့် ပြန်ပြောလိုက်မိတယ်...

Omma က ကျွန်တော့်ပုခုံးကို ဖွဖွလေး တစ်ချက်ရိုက်ရင်း...

" ဟယ်... အမလေး... အဲ့ဒီ့လို မပြောရဘူး... ဒါဟာ မိုးနတ်မင်းကြီးချမှတ်သွားတဲ့ စည်းမျဉ်းပဲ... မိုးခေါင်ရင် ဒီလိုပဲ မင်္ဂလာပွဲကို လုပ်ကိုလုပ်ရမယ်... "

A BetrothalWhere stories live. Discover now