The Unpredictables

3.6K 423 115
                                    

ကျွန်တော် အံသြတကြီးနဲ့ Baekhyun ကို ကြည့်မိတယ်...
သူက ကျားတစ်ကောင်လို ရဲရင့်လွန်းတယ်...
သူ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုအတွက်လည်း ဘယ်တော့မှ နောင်တမရဘူးဆိုတဲ့ သူမျိုး...
ဆုံးဖြတ်ပြီးရင်လည်း ဘယ်တော့မှ နောက်ပြန်မဆုတ်မယ့် သူပေါ့...
ကျွန်တော် မတ်တတ်ရပ်လိုက်ပြီး...

" ကျွန်တော်က မဆီမဆိုင် ထပြောရတော့မှာဖြစ်တာကြောင့် အားလုံးကို ကြိုတင်တောင်းပန်အပ်ပါတယ်... မင်းကြီး, မယ်မယ်, Sehun မှာ တစ်ဖက်သတ်ချစ်နေတဲ့သူ ရှိပြီးသားပါ... သူ Baekhyun ကို လက်ထပ်လို့ ဖြစ်မယ် မထင်ဘူး... လက်ထပ်ဖြစ်ရင်တောင် သူ့နှလုံးသားက အခြားသူဆီမှာပဲ ဖြစ်နေမှာ... "

မင်းကြီးရော မယ်မယ်ရော အံအားသင့်သွားကြတယ်...
မင်းကြီးက မယ်မယ့်ရဲ့လက်ကို ဆုပ်ကိုင်ထားရင်း...

" Myeon လေး, Xing တို့ Hun လေးနဲ့ Baek ကို အသုံးချမိပြီလား? "

မယ်မယ်က သူ့နဖူးသူ လက်ဖဝါးနဲ့ အသာအုပ်ထားရင်း သက်ပြင်းချတယ်...
အလို...
ကျွန်တော် အမှိုက်လုပ်မိသွားပြီလား?
ဒါပေမယ့် Baekhyun ဘက်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောရှာတယ်...

" မင်းကြီး နဲ့ မယ်မယ်ရှင့်, Baek က သူ့ကြင်ယာတော် ဖြစ်ရင်ရပါပြီ... သူ့ရဲ့ တစ်ဦးတည်းသော ဖြစ်ရမယ် မဆိုပါဘူး... Baek သူ့ကို နားလည်နိုင်ပါတယ်... သူလည်း Baek ကို နားလည်မယ်လို့ ထင်တယ်... သူ ချစ်တဲ့သူကိုပဲ ပထမကြင်ယာတော်ဘွဲ့ပေးလိုက်ပါ... Baek ဒုတိယနေရာမှာပဲ ကျေနပ်ပါ့မယ်... မင်းကြီး, မယ်မယ်နဲ့ အိမ်ရှေ့စံကြင်ယာတော်ရှင့်, Baek လေ ခရီးပန်းလာလို့ နားလို့ ရမလားဟင်? "

မယ်မယ်က ဟုတ်သားပဲဆိုတဲ့ သဘောနဲ့ Baek ကို...

" လာ... မယ်မယ်က Baek ကို ဧည့်သည်ဆောင်ထိ လိုက်ပို့ပေးမှာပေါ့... "

မယ်မယ်နဲ့ Baekhyun တော့ ထွက်သွားပြီ...
ကျွန်တော်ရယ် မင်းကြီးရယ်ပဲ ကျန်ခဲ့တယ်...

" Yeol လေး, သားရော? Fan လေးနဲ့ လက်မထပ်ခင် သားမှာ တစ်ဖက်သတ် ချစ်ခဲ့ရတဲ့သူများ ရှိခဲ့သလား? "

ကျွန်တော် ပြုံးလိုက်ပြီး ခေါင်းခါပြမိတယ်...

" မရှိပါဘူး, မင်းကြီး... "

A BetrothalWhere stories live. Discover now