Sulky to Smily (Unicode)

237 23 0
                                    

Soo ပြန်သွားတော့ ကျွန်တော်ရယ် Seja Jeoha ရယ် နှစ်ယောက်တည်း ကျန်ခဲ့တယ်...
ကျွန်တော် Seja Jeohaကို မျက်လုံးမှေးပြီး ကြည့်လိုက်ရင်းက ကိုယ့်နန်းဆောင်ထဲ ကိုယ်ဝင်မယ်ပြုတော့...

" နေပါဦး... အစောကြီးရှိသေးတာ... အိပ်တော့မလို့လား? "

ကျွန်တော့်ခြေလှမ်းတွေကို ရပ်တန့်ပြီး သူ့ကို တအံ့တဩ လှည့်ကြည့်မိတယ်...
အဲ့ဒီ့လို မေးပုံက သူဟာ ကျွန်တော့်နန်းဆောင်ကို ကျွန်တော်နဲ့အတူ လိုက်မဝင်တော့ဘူးဆိုတဲ့ သဘောလား?
သူက ကျွန်တော့်နန်းဆောင်မှာ မအိပ်ဘူးတဲ့လား?
ကျွန်တော် ခေါင်းညိတ်ပြပြီး နန်းဆောင်ထဲ ဝင်ခဲ့တယ်...
နန်းဆောင်ထဲ ရောက်တော့ ထုံးစံအတိုင်း ကုတင်ခေါင်းရင်းက ပြတင်းတံခါးကို ဖွင့်ပြီး ကျွန်တော့်အိပ်ခန်း ပြတင်းပေါက်ကနေ ကြည့်ရင် တန်းပြီး မြင်ရတဲ့ ညီလာခံခန်းမရှိရာ နန်းဆောင်ကြီးကို ကြည့်မိတယ်...
Aww... အဲ့ဒီ့ ညီလာခံခန်းမထဲက မင်းကြီး ထိုင်တဲ့နေရာမှာ ထိုင်ကြဖို့အတွက် ဟိုးအရင်ကဆို နန်းတွင်းဟာ သွေးညှီနံ့တွေနဲ့ ပြည့်နှက်နေခဲ့တာတဲ့...
ခုတော့ Xing မင်းကြီးရဲ့ သံတမန်ရေးရာ ကျွမ်းကျင်မှုကြောင့်ရော မယ်မယ်ရဲ့ သူ့ကလေးတွေအပေါ် ဆိုဆုံးမမှု မှန်ကန်တာကြောင့် တော်ဝင်မျိုးနွယ်တွေကြားမှာ လုပ်ကြံသတ်ဖြတ်မှုတွေ မရှိတော့ဘူး...

အရင်ကဆို ဒီ နန်းတွင်းမှာ မင်းညီမင်းသားတွေ မြောက်မြားစွာရှိပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ်ကြံ သတ်ဖြတ်ခဲ့ကြတာတဲ့...
ထိုအချိန်မှာပဲ...

" Yeol! ဘာဖြစ်နေတာလဲ? "

ကျွန်တော် ပြတင်းကတစ်ဆင့် အောက်ကို ငုံ့ကြည့်မိတယ်... Eh... Seja Jeoha က ကျွန်တော့် အိပ်ခန်းပြတင်းပေါက်အောက်တည့်တည့်မှာ?

" Yeol... ငါ့ကို စိတ်ဆိုးသွားတာလား? "

ခုမှ တစ် Yeol ထဲ Yeol နေတဲ့ ကျေးဇူးရှင်ကြီးကို ကြည့်ရင်း ကျွန်တော် ခေါင်းယမ်းပြလိုက်တယ်...
သူ့ရဲ့ ထူထဲတဲ့မျက်ခုံးနက်နက်တွေ တွန့်သွားအောင် မျက်မှောင်ကြုံ့ပြီး...

" စိတ်ဆိုးသွားတာ အသေအချာကြီးပါ, Yeol ရယ်... "

ကျွန်တော်က စိတ်ဆိုးရဲပါ့မလား? သူက နန်းတက်မင်းသားတစ်ပါး... ကျွန်တော်က သူ့ရဲ့ ကြင်ယာတော်... သူနဲ့ကျွန်တော်ရဲ့ အဆင့်က အကွာကြီး...

A BetrothalWhere stories live. Discover now