သူ့စကားကို ကျွန်တော် နားမလည်ပါဘူး...
ကျွန်တော်က မတွေးတောတတ်လောက်တဲ့ထိ နုံအ,တဲ့ ပိန်းတိန်းတိန်း ငတုံးမို့ ထင်ပါရဲ့...
သူ ဘာကို ဆိုလိုမှန်း ကျွန်တော်မှ သေချာမသိတာပဲ..." Yeol, မဖြေချင်ဘူးလား? "
သူက ကျွန်တော့် လက်ကိုကိုင်ပြီး လှုပ်လိုက်တော့မှ ကျွန်တော် အသိပြန်ဝင်တယ်...
" ကျွန်တော် နားမလည်တော့ဘူး, Se... Eh... Hyung... "
သူက ပြုံးလိုက်ရင်း...
" ဘာကို နားမလည်နိုင် ဖြစ်နေတာလဲ? "
" Hyung က ကျွန်တော့်ကို... ဟင့်အင်း... ဘာမှ မဟုတ်တော့ပါဘူး... "
" Hmm? "
" Hyung ရဲ့ လက်အစုံကို ကျွန်တော် အမြဲ ဆုပ်ကိုင်ထားနိုင်ပါတယ်... Hyung သာ ဆန္ဒရှိရင်ပေါ့... "
သူက ကျွန်တော့်ခေါင်းကို ဖွဖွလေး ကိုင်ပြီး...
" အို... ဘယ်လို ပြောလိုက်တာလဲ? ဆန္ဒက အမြဲရှိတယ်... ဟော့ဒီ့ကလူကြီး အသက်ရှူရပ်မှပဲ အဲ့ဒီ့ ဆန္ဒက ရပ်သွားမှာ... ကဲ... လာ... မျက်နှာ သွားသစ်ကြစို့... "
ကျွန်တော်တော့ ပျော်နေမိပြန်တာပဲ... တစ်ချိန်တည်းမှာပဲ ဝမ်းနည်းမိတယ်...
သူ ကျွန်တော့်ကို ချစ်မှ ချစ်ရဲ့လားလို့ တွေးမိရင်းပေါ့...ကျွန်တော်တို့် ၂ ယောက် အခန်းပြင်ကို ထွက်လိုက်တာနဲ့ အဘိုးရော အဘွားရောကို နှုတ်ဆက်လိုက်ကြတယ်...
ကျွန်တော်နဲ့သူ့ရဲ့ ရှည်လျားတဲ့ အရပ်အမောင်းကို အဘိုးရော အဘွားကပါ သဘောကျနေကြတယ်...ကျွန်တော်တို့ ရေမိုးချိုး မျက်နှာသစ်ပြီးတော့ အဘိုးနဲ့ အဘွားက မနက်စာ ပြင်ဆင်ပြီးနေပြီ...
မနက်စာစားပြီးတာနဲ့ အဘိုးရော အဘွားရောက စားသောက်ဆိုင်ဖွင့်ဖို့ လုံးပမ်းကြတယ်...
ကျွန်တော်နဲ့ Seja Jeoha လည်း တက်ညီလက်ညီပဲ ဝင်ကူပေးကြတာပေါ့...
သူတို့အတွက် သားသမီးလိုအပ်တယ်ဆိုတာ မှန်တယ်လေ... အခု အသက်ကြီးနေကြပြီဖြစ်တဲ့ အဘိုးနဲ့ အဘွားကို ဘယ်သူတွေက ပြုစုစောင့်ရှောက်နိုင်မှာတဲ့လဲ?
![](https://img.wattpad.com/cover/109607987-288-k285666.jpg)
BINABASA MO ANG
A Betrothal
Fanfiction(Complete) About a boy who has to marry the Crown-Prince of Joseon, according to the direction laid down by a guardian spirit