A Gift for my Crown Prince (Unicode)

211 21 0
                                    

ကျွန်တော် နိုးလာတော့ ကျွန်တော့်ဘေးမှာ Jun...

" ဟင်! Jun! ကျွန်တော် အခု ဘယ်ရောက်နေတာလဲ? "

" Hwanghae က ကျွန်တော့်ရဲ့ အိမ်မှာပါ, Yeol Ma Ma... "

ကျွန်တော် အိပ်နေရာက ထထိုင်လိုက်တဲ့အခါ ခေါင်းက ချာချာလည်အောင် မူးသွားတယ်...

" မထပါနဲ့ဦး, Yeol Ma Ma... အနာက နည်းနည်း စိုးရိမ်ရသေးတယ်... နည်းနည်းလေး လှုပ်လိုက်တာနဲ့ သွေးတွေ ပြန်ထွက်လာမှာ စိုးပါတယ်... Yeol Ma Ma, ကျွန်တော် သမားတော်ကြီးကို သွားပင့်ဦးမယ်နော်... ပြန်လဲအိပ်နေနော်... "

ကျွန်တော် ခေါင်းညိတ်ပြပြီး အသာ ပြန်အိပ်နေလိုက်တယ်...
ကျွန်တော်ရောက်နေတဲ့ အခန်းက အကျယ်ကြီးပဲ... အသုံးအဆောင်တွေကလည်း အပြည့်...
ဒါနဲ့ Jun ရဲ့ မင်္ဂလာပွဲ ပျက်သွားသလား?
မပျက်ဘူးလား?
ကျွန်တော် သိပ်သိချင်တယ်...
ကျွန်တော် လဲအိပ်နေရင်း တောင်တွေးမြောက်တွေး တွေးတော့တာပေါ့... Hyung ကို သတိရတယ်... ကျွန်တော် အနာကျက်သွားပြီး လမ်းတွေ ဘာတွေ လျှောက်လို့ရပြီဆိုရင် နန်းတွင်းကို တန်းပြီး ပြန်မယ်...အဲ့ဒီ့အချိန်မှာပဲ Lu Noona က ကျွန်တော် လဲအိပ်နေတဲ့အခန်းထဲ ဝင်လာပြီး ကျွန်တော့်ကို နေကောင်းမကောင်း လာကြည့်တာကို တွေ့လိုက်တဲ့အခါ ကျွန်တော် သိပ်သိချင်နေတာကို သိသွားခဲ့ရပြီ...ဒါဆို Sehun တို့ရော?

" Yeol Ma Ma, နေလို့ကောင်းရဲ့လား? "

" ကောင်းနေပါပြီ, Lu Noona... ဒါနဲ့လေ... ကျွန်တော် မေ့မြောနေတာ ဘယ်နှစ်ရက်ကြာခဲ့လဲ? "

" တစ်ရက်တည်းပါ, Yeol Ma Ma... "

" ဟုတ်လား? ဒါပေမယ့် ကျွန်တော့် ဒဏ်ရာက မနာပါလား? "

" Ah... Jun တို့အနောက်တိုင်းက ဆေးဝါးတွေကြောင့်နေပါလိမ့်မယ်... "

Lu Noona က သူ့မျက်လုံးလေးတွေပါ လိုက်ပြုံးနေတဲ့အထိ ကျွန်တော့်ကို ပြုံးပြရင်း ကျွန်တော့်လက်ထဲကို စာတစ်စောင်ထည့်ပေးတယ်...

" Yeol Ma Ma, အိမ်ရှေ့စံရဲ့ ကြင်ယာတော်တစ်ယောက်ကို ကျွန်မ အကူအညီတောင်းရတာ အားနာပါတယ်... ဒါပေမယ့် Hun လေးရဲ့ လက်ထဲ ရောက်အောင် ပေးနိုင်တဲ့သူကလည်း Yeol Ma Ma ပဲ ရှိလို့ပါ... ဒါနဲ့ ကျွန်မ ဆန်ပြုတ်ကို အအေးခံထားပေးတယ်... အေးသွားတဲ့အခါ Eun နဲ့ ပေးလိုက်မယ်... ကုန်အောင် စားလှည့်နော်... ကျွန်မ သွားတော့မယ်... ခွင့်ပြုပါဦး... "

A BetrothalWhere stories live. Discover now