Unexpected Guest (Unicode)

221 21 0
                                    

ကျွန်တော် ခေါင်းညိတ်ပြရမှာလား? အို... သိပ်ရှက်စရာကောင်းတာပဲ...

" ဟင်? မလိုချင်ဘူးလား? "

" မဟုတ်... "

ကျွန်တော့်စကား မဆုံးခင် သူက ကျွန်တော့်နဖူးကို ခပ်ဖွဖွနမ်းလိုက်ရင်း...

" မင်း အဆင်သင့် မဖြစ်သေးဘူး ထင်ရဲ့... ခု နဖူးလေးကို နမ်းခွင့်ရတာကိုက ငါ့အတွက် တော်တော် ပျော်စရာကောင်းနေပါပြီ... မင်း ငါနဲ့ သက်သောင့်သက်သာရှိတဲ့ ဆက်ဆံရေးမျိုး ရှိလာမှပဲ အဆင့်တွေ ထပ်တက်ကြတာပေါ့... နော်? "

ကျွန်တော် ဘာပြန်ပြောရမှန်း မသိတာကြောင့် သူ့ကို ခေါင်းညိတ်ပြလိုက်တယ်...
သူ့လက်ကလေးတွေနဲ့ ကျွန်တော့်ဆံပင်တွေကို သပ်ပေးပြန်တယ်...
သူ့လက်မှာလည်း ပတ္တမြားလက်စွပ်လေးနဲ့ပါပဲ...
သူကလည်း ကျွန်တော့်ကို ဖက်ထားပြီး အိပ်တယ်...
ကျွန်တော်လည်း သူ့ကို ပြန်ဖက်ထားရင်း သူ့မေးဖျားလေးကို ကျွန်တော် ရွှတ်ခနဲ နမ်းလိုက်မိတယ်...
သူက ကျွန်တော့်ကို အံအားသင့်တဲ့ အကြည့်နဲ့ ကြည့်နေတဲ့အခါ ကျွန်တော် သူ့ကို ကျောပေးထားပြီး တစ်ဖက် လှည့်အိပ်ပစ်လိုက်တယ်...
သူက အသံ ခပ်အုပ်အုပ်ရယ်ရင်း ကျွန်တော့်ကို နောက်ကနေ တင်းကြပ်နေအောင် ဖက်ထားပြီး သူ့မေးစေ့ကို ကျွန်တော့် ပုခုံးပေါ် မှေးပြီး တင်ထားတယ်...
ပြီးမှ...

" ခုနက နွေးထွေးတဲ့ အနမ်းလေးအတွက် ကျေးဇူးတင်ပါတယ်... မင်းက ငါ့ကို မင်းမချစ်ပါဘူးဆိုပြီး ဖြစ်နေတဲ့ ရင်ထဲက မလုံမလဲ ဖြစ်နေတာလေးကို ခုနက အနမ်းလေးက ဖယ်ရှားပေးလိုက်တာ...အိုး... မင်းကို အရမ်း ချစ်တာပဲ... သိလား, Yeol...? "

သူက ကျွန်တော့်ဆံပင်တွေကို နမ်းရှိုက်လိုက်ပြီး ကျွန်တော့်ကို သူ့ရင်ခွင်ထဲ ပိုပြီးတင်းကြပ်အောင် ဖက်ထားတယ်...
ကျွန်တော်ကလည်း သူပြောသမျှ အပြောချိုချိုလေးတွေကို နားထောင်ပြီး ပြုံးနေမိတယ်...
အနည်းဆုံးတော့ သူက ကျွန်တော့်ကို ကြင်ယာတော်အဖြစ် မြတ်မြတ်နိုးနိုး ချစ်ပေးတယ် မဟုတ်လား?
ကျွန်တော် နိုးလာတော့ သူ အိပ်မောကျနေတုန်းပါပဲ...
အိပ်ပျော်နေတဲ့ သူ့ကို ကြည့်ရင်း ကျွန်တော် ပိုချစ်နေမိတယ်...
အိပ်ပျော်နေတဲ့ သူ့ကို ကျွန်တော် ကြည့်နေတဲ့ အချိန်မှာပဲ သူက ကျွန်တော့်ကို မျက်နှာချင်းဆိုင်ပြီး အိပ်နေရာက တစ်ဖက်ကို လှည့်ပြီး အိပ်တယ်...
ဪ...
ဆံထုံးတောင် မဖြေဘဲ အိပ်နေတာပါလား?
ကြည့်ပါဦး... ဆံထုံးထုံးထားမှ မြင်ရတဲ့ သူ့လည်ပင်းလေးရယ်...
ဆံစနားက အမွှေးနုနုလေးတွေရယ်...
အကုန်ချစ်စရာကောင်းလွန်းတယ်...
သူ့ပါးလေးကို ကျွန်တော့်လက်ဖမိုးနဲ့ ပွတ်သပ်လိုက်ရင်း တွေးမိပြန်တယ်...
သူ့လို အဖက်ဖက်က ပြည့်စုံလွန်းနေတဲ့ လူတစ်ယောက်ဟာ ကျွန်တော့်ကို တကယ်ရော ချစ်ရဲ့လား?
တော်ပြီ... မတွေးတော့ဘူး...
သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာကို ယုံတယ်... ဒါပဲ...
ကျွန်တော် အိပ်ရာထဲက အသာထလိုက်ပြီး အပျင်းကြောဆန့်လိုက်တယ်...
လေသာပြတင်းတံခါးကို ဖွင့်ကြည့်လိုက်တော့ ညှို့မှိုင်းနေတဲ့ ကောင်းကင်ကြီးကို မြင်လိုက်ရတယ်...
ပြတင်းတံခါးကတစ်ဆင့် အောက်ဘက်ကုန်းမြေပိုင်းတွေကို ကြည့်မိရင် စိမ်းစိုအုံ့မှိုင်းနေတဲ့ သစ်တောကြီးကို တွေ့ရတယ်...
ခုဆို မိုးကောင်းပြီဆိုတော့လေ... ပြည်သူတွေ တော်တော် အဆင်ပြေနေကြရောပေါ့...
မိုးနတ်မင်းကြီး, ကျွန်တော်ရယ် Seja Jeoha ရယ် နှစ်ယောက်သား လက်ထပ်ထိမ်းမြားလို့ မိုးရွာလာတာ ဟုတ်ချင်လည်း ဟုတ်မယ်... ဟုတ်ချင်မှလည်း ဟုတ်မယ်...
ဒါပေမယ့် မိုးနတ်မင်းက ဖန်ဆင်းပေးတဲ့ ကျွန်တော်နဲ့ Seja Jeoha ရဲ့ ဖူးစာကိုတော့ ကျွန်တော် ယုံတယ်...
မိုးနတ်မင်းရယ်, ကျွန်တော် ခုဆို သူနဲ့ မခွဲချင်တော့ဘူး... ကျွန်တော် သူ့ကို တစ်သက်လုံး လက်တွဲသွားချင်တယ်... သူလည်း ကျွန်တော့်ကို တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းသွားပါစေ...
ကျွန်တော်တို့ နှစ်ယောက် သေအတူ ရှင်မကွာ ပေါင်းဖက်ပါရစေ...
ကျွန်တော် ဆုတောင်းပြီးတဲ့အချိန်မှာ...

A BetrothalWhere stories live. Discover now