Wedding

5.5K 470 15
                                    

ကျွန်တော်သာမက ကျန်တဲ့ Sehun ရော Pyeha ရော မိဖုရားကြီးရော မျက်လုံးပြူးသွားကြတယ်...

" ပြောလေ... ဘာလို့ ငိုတာလဲ? မင်း အခုဆို မရှိုက်တော့ဘူးဆိုတော့ ပြောပြ... "

" ကျွန်တော် ငိုတာ Sehun ပြောသလိုကြောင့်ပါပဲ... "

" အားငယ်နေလို့လား? "

" ဟုတ်ပါတယ်, Seja Jeoha... "

" Sigh... ငါက မင်း အားငယ်နေမှာစိုးလို့ အဲ့ဒီ့လို ပြောလိုက်တာပါ... တစ်ချို့ ယောက်ျားလေးတွေကျတော့ ချောတယ်လို့ ပြောရင် သဘောမကျကြလို့ပါ... a hmm... A-pa-ma-ma, O-ma-ma-ma, Hun လေး, ညစာစားရအောင်... Chanyeol ရောပဲ... လာ... "

ရာသီဥတုက ဒီလောက် ခိုက်ခိုက်တုန်အောင် အေးတဲ့ကြားက ကျွန်တော် ချွေးတွေ ပြန်နေတယ်...

သူက ကျွန်တော့်ကို ပုခုံးကနေတွန်းပြီး နောက်ကနေ...

" မနက်ဖြန် မင်္ဂလာအခမ်းအနားက မနက် နေမထွက်ခင်ကတည်းကစပြီး ညဥ့်နက်တဲ့ထိ ကျင်းပရမှာ... မင်း အားရှိဖို့လိုတယ်... လာ... ငါတို့ ထမင်းစားဆောင်ကို သွားစို့... "

ကျွန်တော်လည်း သူ့ကို မချိပြုံးကြီး ပြုံးပြရင်း ထမင်းစားဆောင်ကို ရောက်ခဲ့တယ်...
ကျွန်တော့်ကို သူ့ဘေးမှာ လာထိုင်ဖို့ မျက်နှာရိပ်မျက်နှာကဲပြတာကြောင့် ကျွန်တော် သူ့ဘေးမှာ ခပ်ယို့ယို့ကလေး ဝင်ထိုင်လိုက်တယ်...
ကျွန်တော်ကိုယ်တိုင် ထမင်းခူးစရာလည်းမလိုဘူး...
ကျွန်တော် ခုံမှာ ထိုင်လိုက်တာနဲ့ စားတော်ကဲ ကိုယ်တိုင်ခူးပေးတာရယ်...
ဟင်းပွဲတွေဆိုတာလည်း ပြည့်လျှံနေတာပဲ...
ကျွန်တော် ဘယ်ဟင်းခွက်ကို စခပ်ရမှန်းတောင် မသိတော့ပါဘူး... ကျွန်တော် တူတစ်စုံယူပြီး ဟိုဟင်းပွဲကို ရွယ်လိုက် ဒီဟင်းပွဲကို ရွယ်လိုက်နဲ့ ထမင်းပန်းကန်လုံးထဲကို အခုထိ ဟင်းတစ်ဖတ်မရောက်သေးဘူး...
သူက ကျွန်တော့်ကို ကြည့်ပြီး ကြက်သားပေါင်း ဟင်းရည်ခွက်ကို ကျွန်တော့်ရှေ့ လာချပေးတယ်... ပြီးတော့ သူ ကြိုက်တတ်တဲ့ ဟင်းလျာတွေပါ ကျွန်တော့်ကို ပြောပြပြီး ကျွန်တော့် ထမင်း ပန်းကန်လုံးထဲ ထည့်ပေးတယ်...

ကျွန်တော့်ကို သူ မြှူဆွယ်နေတာများလား?
သူ ကျွန်တော့်ကို စိတ်ဝင်စားနေတာလား?

A BetrothalWhere stories live. Discover now