Pray

3.5K 366 31
                                    

သူ စစ်ထွက်နေပြီတဲ့...
ကျွန်တော် သူ့အတွက် ဘာမှလည်း မလုပ်ပေးနိုင်ဘူး...
Dae Shim က ကွဲသွားတဲ့ အကြမ်းပန်းကန်လုံးကို သိမ်းပေးရင်း...

" Ma Ma, Seja Jeoha က အရမ်းစိတ်ထိခိုက်နေတာ... သူ စစ်ထွက်တိုက်တာ... နိုင်ခြေနည်းပါတယ်... ဒါကြောင့် Hwanghae က Jun Gun Ma Ma ရဲ့လက်ထဲ ရောက်သွား... "

" တော်စမ်း! နိုင်ခြေမရှိဘူးဆိုတဲ့စကားကို လာမပြောနဲ့! မင်းလည်း သိပ်ပျော့ညံ့တာပဲ... မနိုင်ပါဘူးဆိုတာကို အရင်တွေးတယ်... အေး... အဲ့ဒီ့လို တွေးတာ အရှုံးသမားတွေပဲ တွေးတာ... နားလည်လား? နောက်ဘယ်တော့မှ အဲ့ဒါမျိုးမတွေးနဲ့! "

Dae Shim က ကျွန်တော့်စကားကြောင့် ကျွန်တော့်ကို ဒူးထောက် တောင်းပန်ရင်း သူ့လက်ထဲက ဓားကို ကျွန်တော့်လက်ထဲ အပ်ပြီး...

" Ma Ma! ကျွန်တော် ခုနက သူရဲဘောကြောင်တဲ့စကား ဆိုမိပါတယ်... Joseon-saram တစ်ယောက်ဖြစ်ပြီး သတ္တိကြောင်မိ, ပျော့ညံ့မိပါတယ်... Ma Ma ရဲ့လက်ထဲက ဓားနဲ့ ကျွန်တော့်လည်ပင်းကို ပိုင်းပစ်လိုက်ပါ... "

ဘုရားရေ...
သူက တစ်မျိုး...
ကျွန်တော် ဓားကို သူ့လက်ထဲ ပြန်ထည့်ပေးပြီး...

" ထပါ... Dae Shim, မင်းကို နောက် အခွင့်အရေးပေးတယ်... လူတိုင်းဟာ အမှားလုပ်တတ်တာချည်းပဲမို့ မင်းလည်း မှားခွင့် ရှိတယ်... ကဲ... မင်းလည်း စစ်ထွက်ရတော့မှာ မဟုတ်လား? "

" ကျွန်တော်က Seja Jeoha အခြေအနေမကောင်းမှ Hun Gun Ma Ma ဦးဆောင်မယ့် တပ်ဖွဲ့ကြီးနဲ့အတူ စစ်ထွက်ရမှာပါ... "

ကျွန်တော် ကွပ်ပျစ်ပေါ်ကဆင်းပြီး ဝင်လုဆဲ ဖြစ်တဲ့ နေမင်းကြီးကို ကြည့်လိုက်ရင်း...

" ဒါဆို Sehun စစ်မထွက်ရဖို့ ငါ ဆုတောင်းမယ်... ပြန်လို့ရပါပြီ, Dae Shim... "

Dae Shim ထွက်သွားတော့မှ ကျွန်တော် စားသောက်ဆိုင်ထဲ ဝင်လိုက်တယ်...
အဘိုးက ကျွန်တော် မျက်နှာ မကောင်းမှန်း ရိပ်မိတော့...

" Ma Ma, မျက်နှာ မကောင်းပါလား? "

အဘွားကလည်း ကျွန်တော့်ကို ကြည့်ပြီး စိုးရိမ်ပေးနေတယ်...

" Halabeoji, Seja Jeoha က Hwanghae ကို စစ်ထွက်သွားပြီ... "

ဘာမှ မတတ်နိုင်တဲ့ ကျွန်တော့်အတွက် အဘိုးက နှစ်သိမ့်ရှာတယ်...

A BetrothalWhere stories live. Discover now