Old Flame (Unicode)

311 29 0
                                    

ကျွန်တော်တို့နှစ်ယောက် မင်္ဂလာပွဲပြီးတော့ ညနေစောင်းနေပြီ...
ညစာစားပွဲရော မင်္ဂလာဦးညကြိုဆိုပွဲအတွက်ရော ကျွန်တော် အားမရှိတော့ဘူး...
သူ့မျက်နှာကို ကြည့်ရတာ သူလည်း ပင်ပန်းနေတဲ့ပုံပဲ...
ကျွန်တော်တို့၂ ယောက် တစ်နေကုန် လက်တွဲပြီး မြင်းလှည်းနဲ့ တိုင်းခန်းလှည့်ပြရတာကြောင့် အတော် ပင်ပန်းသွားတာပါ...
ပြည်သူတွေကို ကျွန်တော်တို့နှစ်ယောက် နှုတ်ဆက်ရတာ သွားတွေပေါ်တဲ့ထိ ပြုံးရပါ များတော့ မျက်နှာက ကြွက်သားတွေတောင် အားမရှိချင်တော့ဘူး...
ကျွန်တော်တို့ နန်းဆောင် ပြန်ရောက်တာနဲ့ နောက်ဝတ်ရုံတစ်ထည် အမြန်လဲရတယ်...
ညစာစားပွဲအတွက် ဝတ်ရုံက နက်ပြာ... မနက်က မင်္ဂလာဝတ်ရုံက အနက်...
အို... ရှုပ်နေရောပဲ...
ခေါင်းဆောင်းက ရောင်စုံကျောက်ပုတီးတွေကလည်း မြင်ကွင်းကို ကွယ်နေတာ ကျွန်တော် သဘောမကျဘူး...
ပြီးတော့ ကျွန်တော့်ခေါင်းကို ဟိုသည်ရမ်းလိုက်ရင် အဲ့ဒီ့ ကျောက်ပုတီးတွေက ယမ်းသွားပြီး အချင်းချင်းရိုက်မိတဲ့အသံကလည်း သိပ်နားညည်းတာပဲ...
အဲ့ဒီ့ခေါင်းဆောင်းကို ညစာစားပွဲကျလည်း ဝတ်ရမယ်ဆိုတော့ ကျွန်တော် တော်တော် စိတ်ပျက်သွားမိတယ်...
မတတ်နိုင်ဘူးလေ... ကျွန်တော့်ကိုယ်ကျွန်တော်မှ မပိုင်တော့တာပဲ...
သူတို့က ကျွန်တော့်ကို ပိုင်သွားပြီ... သူတို့အကြိုက်လိုက်နေရတော့မှာပဲ...

" Yeol! ဝတ်ရုံလဲလို့ ပြီးပြီလား? "

အပြင်ဘက်က သူ့အသံကြောင့် ကျွန်တော် ခေါင်းဆောင်းကို အမြန်ကောက်စွပ်ပြီး...

" ပြီးပါပြီ! "

" ပြီးရင် ထွက်ခဲ့တော့! အချိန်မရှိဘူး! "

ကျွန်တော်လည်း နန်းဆောင်အပြင်ထွက်လိုက်ရော သူက ကျွန်တော့်ကို မျက်တောင်မခတ်တမ်း ကြည့်တယ်...

" အလို... မင်း ခေါင်းဆောင်းဝတ်တာ စောင်းနေပါလား! ခေါင်းဆောင်းတောင် သေချာ မဝတ်နိုင်ဘူးလား!? "

ကျွန်တော် သူပြောတာကို မင်သေသေနဲ့ မကြားချင်ယောင်ပဲ ဆောင်နေလိုက်တော့တယ်...
သူက မနေနိုင်တော့ ခေါင်းဆောင်းကို သေချာ ပြန်ဆောင်းပေးတယ်...

A BetrothalDove le storie prendono vita. Scoprilo ora