All I Need is Him (Unicode)

226 21 0
                                    

ကျွန်တော် အိမ်ကို ပြန်လို့လည်း မဖြစ်ပါဘူး... အိမ်ကို ပြန်ရင် သူလာရှာတဲ့အခါ တွေ့သွားနိုင်တယ် မဟုတ်လား? ဘယ်သွားရပါ့?ဘယ်သွားရပါ့? မိုးကလည်း ချုပ်နေပြီ...နန်းတွင်းထဲက ထွက်လိုက်တာနဲ့ မြို့ထဲမှာ မှောင်မည်းနေတာပဲ...ဒုက္ခပါပဲ... ကျွန်တော် မြို့ထဲမှာ မယောင်မလည်ဖြစ်နေတော့မှာ...

" Hmm? အိမ်ရှေ့စံကြင်ယာတော် Ma Ma လားခင်ဗျာ? "

ကျွန်တော် လန့်ဖြန့်သွားတယ်...

ဘုရား... ဘုရား... Hwanghae က သူပုန်တွေတော့ မဟုတ်ပါစေနဲ့တော့... ဒါပေမယ့် ကျွန်တော်ကတော့ ထုံးစံအတိုင်း ဆံထိုးချွတ်ပြီး လာမေးတဲ့သူကို ရွယ်လိုက်တယ်...

" ခုလာမေးတာ ဘယ်သူလဲ? "

" ဟို... စားသောက်ဆိုင်က Halabeoji ပါ... "

Halabeoji?ကျွန်တော် ကမန်းကတမ်း မျက်ရည်သုတ်ပြီး ကြည့်လိုက်တော့ Halabeoji အစစ်ပဲ!

" Eh? Halabeoji? ညဘက်ကြီး ဘယ်သွားဖို့လဲ? "

" ဘုရားကျောင်းက အပြန်... စားသောက်ဆိုင်အတွက် Halmeoni မှာလိုက်တာလေးတွေ ရှိလို့ ဝင်ဝယ်ရင်း နောက်ကျသွားတာပါ, Ma Ma... "

အတော်ပဲ!
ကျွန်တော်သာ အဘိုးနဲ့ လိုက်သွားပြီး စားသောက်ဆိုင်မှာ အလုပ်လုပ်မယ်... Hyung စိတ်ထဲမှာ ကျွန်တော် အဲ့ဒီ့စားသောက်ဆိုင်ကို သွားလိမ့်မယ်လို့ တွေးမိမှာ မဟုတ်ဘူး...

" Halabeoji, ကျွန်တော့်ကို Ma Ma လို့ မခေါ်ပါနဲ့တော့... ကျွန်တော့်ကို Chanyeol လို့ပဲ ခေါ်ပါ... ဒါနဲ့... ကျွန်တော် Halabeoji နဲ့ Halmeoni ဆီကို လိုက်ခဲ့ပြီး အလုပ်လုပ်လို့ရမလားဟင်? "

အဘိုးက ကျွန်တော့်ကို နားမလည်တဲ့ပုံစံမျိုးနဲ့ ကြည့်နေတယ်...

" ဟို... ကျွန်တော် နန်းတွင်းက ထွက်လာတာ... နောက်မှ အသေးစိတ် ပြောပြမယ်လေ.. ကျွန်တော့်ကို စားသောက်ဆိုင်မှာ အလုပ်ပေးလုပ်မလားဟင်? ကျွန်တော် သွားစရာနေရာလည်း မရှိလို့... "

အဘိုးက ပြုံးလိုက်ရင်း...

" လာ... လှည်းပေါ်တက်... တို့တွေ ရွာကို ပြန်တဲ့လမ်းမှာ စကားပြောသွားကြတာပေါ့... "

ကျွန်တော် ဝမ်းသာအားရနဲ့ လှည်းပေါ်တက်ထိုင်လိုက်တယ်... လှည်းပေါ်မှာတော့ မြေအိုးတစ်ချို့ရယ် ကြွေပန်းကန်လေးတွေရယ်ကို ကောက်ရိုးလေးတွေနဲ့ ရောထည့်ထားတယ်...
လှည်းစထွက်တော့ ကျွန်တော် ငိုချင်မိပါသေးတယ်... ဒါပေမယ့် သူ့အတွက် ကျွန်တော် လုပ်ပေးနိုင်တာဟာ ဒါပဲ ရှိတာ မဟုတ်လား? လှည်း ထွက်တာ အတန်ကြာတော့မှ ကျွန်တော် အဘိုးကို အကြောင်းစုံပြောပြလိုက်တယ်... အို... ဒီမျက်ရည်တွေကလည်း ကျပဲ ကျနိုင်လွန်း...အဘိုးက ကျွန်တော့်အတွက် စိတ်မကောင်း အကြီးအကျယ်ဖြစ်သွားပြီး...

A BetrothalWhere stories live. Discover now