Finale (Unicode)

514 33 0
                                    

ကျွန်တော် သူ့မျက်နှာ မြင်လိုက်ရတာနဲ့ ကျွန်တော့်မျက်ရည်တွေကို တားဆီးလို့ မရတော့ပါဘူး...အခု ကျွန်တော့်ရှေ့မှာ ရပ်နေတဲ့ Hyung ကို ကျွန်တော် ပြန်တွေ့ရတော့မယ်လို့ မထင်ထားတာကြောင့်ပါ...သူ့မျက်နှာမှာ မုတ်ဆိတ်မွှေးရော နှုတ်ခမ်းမွှေးတွေပါ ပရပွနဲ့...
စစ်ပွဲက ပြန်လာတာကြောင့် သူ့ရဲ့ ဝတ်ရုံမှာ သွေးတွေ စွန်းနေတယ်... လူတစ်ယောက်ရဲ့လောဘကြောင့် အသက်ပေးလိုက်ရတဲ့ အစတေးခံဘဝတို့ရဲ့ အပြစ်ကင်းစင်တဲ့သွေး...သူရော လူသတ်ရတာ စိတ်ပျော်လာပါ့မလား? ကျွန်တော် သု့ကို အရမ်းသနားသလို သူနဲ့တကွ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကိုရော Hwanghae က သူပုန်တွေကိုပါ သနားတယ်...သူက ကျွန်တော့်လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့တင်းကြပ်နေအောင် ဆုပ်ကိုင်လိုက်တော့မှ သူတော်တော် ပိန်သွားမှန်း သိလိုက်ရတယ်... လက်ချောင်းလေးတွေက အရိုးအပြိုင်းပြိုင်း...မှားပြီ... ကျွန်တော် မှားသွားတာ... ကျွန်တော့်ကြောင့် သူ... သူ တော်တော် ခံစားသွားရမှာနော်...ကျွန်တော့်ပါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ အသာ အုပ်ကိုင်ထားရင်း ကျွန်တော့်မျက်လုံးတွေကို စိုက်ကြည့်တယ်... သူ့ပါးပေါ်မှာ မျက်ရည်တွေ လိမ့်ဆင်းလာတာကြောင့် ကျွန်တော် သူ့မျက်ရည်တွေကို သုတ်ပေးတဲ့အခါ သူက ကျွန်တော့်ကို တင်းကြပ်နေအောင် ဖက်တယ်... ပြီးမှ...

" Yeol... ချစ်တယ်... "

ကျွန်တော့်မျက်ရည်တွေ ဝေါခနဲကျလာပြီ...သူ့ပုခုံးပေါ် ကျွန်တော့်မေးကို အသာတင်ရင်း တအိအိနဲ့ ငိုချပစ်လိုက်တယ်...

" လွမ်းနေခဲ့တာ... အရမ်း လွမ်းနေခဲ့တာ... Hyung ကိုရော မလွမ်းဘူးလားဟင်? "

ကျွန်တော် ပြန်မဖြေဘဲ ကျွန်တော် သိပ်လွမ်းခဲ့ရတဲ့ သူ့မျက်နှာလေးကို အရင်ကြည့်လိုက်တယ်... သူ့ကို ပြန်တွေ့ရတာ အိပ်မက်တစ်ခုလိုပါပဲ...သူက ကျွန်တော့်ကို ထပ်ဖက်ရင်း ကျွန်တော့်ခေါင်းကို ဖွဖွလေး သပ်ပေးတယ်...

" Hyung လေ ဒီရက်တွေထဲ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရတယ်... နောက်ထွက်မပြေးပါနဲ့တော့, Yeol ရယ်... နောက် Hyung အနားကနေ ထွက်မပြေးပါနဲ့... Hyung အတွက်တော့ မင်းကသာ အရေးကြီးဆုံး ဖြစ်နေတာကြောင့် မင်းကို ပိုင်ဆိုင်ရဖို့ဆို Hyung ထီးနန်းကိုပါ စွန့်လွှတ်ချင် စွန့်လွှတ်ရပါစေ... သစ္စာဆိုရဲပါတယ်... ကျိန်လည်း ကျိန်ပြောဝံ့တယ်... မိုးနတ်မင်းဆီမှာ မင်းအချစ်ထက်ပိုပြီး ဘယ်အရာကိုမှ လိုလားကြောင်း Hyung ဆုမတောင်းခဲ့ဖူးပါဘူး... "

You've reached the end of published parts.

⏰ Last updated: Nov 21, 2020 ⏰

Add this story to your Library to get notified about new parts!

A BetrothalWhere stories live. Discover now