Byun Baekhyun (Unicode)

197 21 0
                                    

Sehun ရဲ့ စကားက ကျွန်တော့်ရဲ့ ရင်ထဲမှာ ရှိတဲ့ သိချင်လိုစိတ်အပေါ် တော်တော် သက်ရောက်မှု ရှိတယ်...
ဒါကြောင့်လည်း ကျွန်တော် ဆက်မေးကြည့်မိတယ်...

" ဘယ်လိုလုပ်ပြီး သိတာလဲ? "

Sehun က သူ့လက်သူ နောက်ပစ်လိုက်ရင်း လမ်းစလျှောက်တယ်... ပြီးတော့မှ ကျွန်တော့်ကို လှည့်ပြုံးပြရင်း...

" လမ်းသွားရင်းနဲ့မှ ပြောကြမယ်လေ... "

ကျွန်တော်လည်း Sehun ဘေးမှာ လမ်းတူတူ လျှောက်လိုက်တယ်...
Sehun က ချောင်းတစ်ချက်ဟန့်ပြီး စကားဆက်တယ်...

" Fan Hyungnim က Yeol Hyungnim ကိုပဲ သဘောကျခဲ့တာ... ဟိုးအရင်ကတည်းက... "

ကျွန်တော် အလိုမကျဖြစ်သွားတယ်...
Sehun က ရှင်းပြတာပဲ မတော်တာလား?
ကျွန်တော့်ကိုပဲ စ,နောက်နေတာလား?

" တိတိကျကျပြောပါ, Sehun ရယ်... သိချင်လွန်းလို့ပါ... "

Sehun က ဟစ်ခနဲ ရယ်ပြီး ကျွန်တော့်ကို ရယ်ကျဲကျဲနဲ့ ကြည့်တယ်...

" တိတိကျကျပြောရရင်တော့... ဒီလို... အဟင်း... မနေ့က ကျွန်တော် ပါမောက္ခကြီး Chul ပေးလိုက်တဲ့ အိမ်စာကို မပြီးလို့... အိမ်စာကလည်း ဆောင်းရာသီရဲ့အလှကို ဖွဲ့ရမယ့် ကဗျာဆိုတော့လေ... ကျွန်တော် ရေးမတတ်ဘူး... ဒါကြောင့် စာမသင်ခင် Fan Hyungnim ရဲ့ နန်းဆောင်ကို ဝင်ပြီး သူ ရေးထားတဲ့ ဆောင်းရာသီအလှဖွဲ့ ကဗျာကို သွားကူးမယ်ပေါ့... ကျွန်တော် သူ့နန်းဆောင်ထဲ ရောက်တာနဲ့ သူ့စာဖတ်ခန်းထဲ ဝင်ပြီး သွားရှာတာ... ဘာတွေ့တယ် ထင်လို့တုန်း... "

" ဘယ်သိပါ့မလဲ, Sehun ရယ်... "

Sehun က လက်ဖျောက်တီးလိုက်ပြီး လက်ညှိုးတစ်ထောင်ထောင်နဲ့...

" ဟုတ်တယ်... Yeol Hyungnim ဘယ်သိမှာလဲ? ကျွန်တော် ပြောပြမယ်... သူ ၁၅နှစ်အရွယ်လောက်က ရေးထားတဲ့ စာတွေကို တွေ့တာ... အဲ့ဒီ့မှာ Yeol Hyungnim က ဘယ်လိုလှကြောင်း ချောကြောင်း သူ ဘယ်လောက်ထိ ချစ်ကြောင်း ရေးထားတဲ့ စာတွေ အပုံလိုက်ကြီး... ပြီးတော့ Hwa Young Noona ကို အားနာတဲ့အကြောင်း... အစကတည်းက Hwa Young Noona ကို သူ တကယ်မချစ်ဘဲ တွဲခဲ့တဲ့အကြောင်း သူလို အိမ်ရှေ့စံတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို စိတ်ဝင်စားနေတာကို သူများတွေ သိရင် တော်ဝင်မိသားစုကြီးတစ်ခုလုံး နာမည်ပျက်မှာ စိုးတဲ့အကြောင်း... စသည်စသည်ဖြင့်ပေါ့... "

A BetrothalHikayelerin yaşadığı yer. Şimdi keşfedin