A Small Talk by the Lake

4.5K 412 23
                                    

ကျွန်တော် ရှက်လိုက်တာဆိုတာ...
သူနဲ့ ကျွန်တော် ဘယ်တုန်းက အဲ့ဒီ့လို ဖြစ်လို့လဲ?
ဘုရားရေ...
နန်းတွင်းကို စစရောက်ချင်းနေ့ကလား?
မင်္ဂလာဦးညတုန်းကလား?

ဖြစ်ရအောင် ကျွန်တော် ဟိုလိုမျိုးလည်း ဘာမှ မခံစားရပါဘူး...
လူပျိုမဟုတ်တော့ဘူးဆိုရင် မဟုတ်တော့တာ သိသာမှာပဲလေ...

ကျွန်တော့်မှာ ပဟေဠိပုစ္ဆာတစ်ခုကို အဖြေရှာနေရသလိုပဲ...

Sehun ကတော့ ခပ်ပြုံးပြုံးပဲ...
ကျွန်တော်နဲ့ Seja Jeoha ရဲ့ ဆက်ဆံရေးကို Sehun က တစ်မျိုး တွေးသွားပုံပဲ...

" ဟိုနေ့က နေမကောင်းတာ အဲ့ဒါကြောင့်လား, Yeol Hyungnim? အဲ့ဒါများ သမားတော်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ရောပေါ့... "

" မဟုတ်ဘူး... အဲ့ဒါကြောင့် နေမကောင်းတာ လုံးဝမဟုတ်ပါဘူးဆို... ငါ တကယ်ပြောတာ... ငါ့ကို ယုံပါ, Sehun ရဲ့! "

Sehun က ခေါင်းညိတ်ပြပေမယ့် ယုံတဲ့ ပုံ မပေါ်ပါဘူး... သူ့အတွေးနဲ့သူ ခေါင်းတညိတ်ညိတ်နဲ့ ပြုံးနေတယ်... ပြီးမှ...

" ကဲပါ.. လက်စွပ်ကို ဝတ်လိုက်ပါ, Yeol Hyung-nim... ဒါကို Hwa Young Noona မြင်ရင် နောက်ဆုတ်သွားအောင်လို့... "

" ဘယ်လို? နောက်ဆုတ်သွားအောင်? "

" ဟုတ်တယ်... "

ဒါဖြင့် Hwa Young Noona က ရှေ့ဆက်တိုးနေတယ်ဆိုတဲ့သဘောလား? ဒါမှမဟုတ် အရင်က ရပ်ခဲ့တဲ့ နေရာမှာပဲ ရပ်နေရင်း ခြေတစ်လှမ်းဆုတ်ဖို့ကို ခေါင်းမာနေတာလား?
ကျွန်တော် မသိတော့ဘူး...
ကျွန်တော်က ဉာဏ်မမီဘူးဖြစ်မယ်...
ဒီကိစ္စတွေကို ဘယ်လိုမှ နားမလည်နိုင်ဘူး...
နားလည်ဖို့ ဘယ်လို ကြိုးစားရမှန်းလည်း မသိတော့ဘူး...

" Yeol Hyung-nim, Gayageum တီးတတ်တယ် မဟုတ်လား? "

ကျွန်တော် စဉ်းစားနေတာကို ဖြတ်လိုက်ရင်း...

" Imm... "

" ကျွန်တော့်ကို သင်ပေးမလားဟင်? "

" အို...သင်ပေးမှာပေါ့... "

" ကျေးဇူးတင်လိုက်တာ... တကယ်တော့ ကျွန်တော်က ဟိုသီချင်းတီးတတ်ချင်တာ... ချစ်တယ်ဆိုတဲ့ သီချင်းလေ... "

A BetrothalWhere stories live. Discover now