Ruby Ring (Unicode)

287 28 2
                                    

ကျွန်တော် နိုးလာတော့ ကျွန်တော့်ကို တစ်ယောက်ယောက်က ဖက်ထားသလိုပဲ... အသက်ရှူကြပ်လိုက်တာ...
ကျွန်တော့်ကို ဖက်ထားတဲ့လက်က ကျောက်စိမ်းလက်စွပ်ကို မြင်ကတည်းက ဘယ်သူမှန်း လှည့်မကြည့်ဘဲ သိရပါတယ်...
ကျွန်တော် သူမနိုးအောင် အသာလေးထလိုက်တယ်...
HMM? ကျွန်တော် ညက ကြမ်းပြင်မှာ အိပ်နေတာလေ... ခု ကုတင်ပေါ်ရောက်နေပြန်ပြီ?
ကျွန်တော် ကုတင်ပေါ်ကနေ သူမနိုးအောင် အသာဆင်းလိုက်တယ်...
အဲ့ဒီ့နောက် ပြေကျနေတဲ့ ဆံပင်တွေကို ရွှေဘီးနဲ့ အသာဖြီးရင်း ကြေးမုံပြင်ထဲ ကျွန်တော့်မျက်နှာ ကျွန်တော် ကြည့်မိတယ်... မျက်လုံးတွေက မို့အစ်နေတာပဲ... မျက်နှာကလည်း ဖောနေသေး...
Aish... သေရည်ရဲ့ အစွမ်းက တကယ်ပါပဲ...
သူက သေချာဖြီးလိမ်းထားတဲ့ ကျွန်တော့်ရုပ်ကိုတောင်မှ ကြည့်ပျော်ရှုပျော်လို့ပြောထားတာ... သေရည်တွေသောက်ပြီး မနက်နိုးလာတဲ့ ကျွန်တော့်ရဲ့ ဖောင်းကားနေတဲ့ရုပ်ကိုဆို ဘယ်လောက်တောင် ပြောလိုက်မလဲ?

" နိုးလာပြီလား? ငါကတော့ နိုးတာကြာပြီ... မင်း မနိုးသေးတော့ ပျင်းလို့ ပြန်ဝင်အိပ်ရင်း အိပ်ချင်ယောင်ဆောင်နေတာ... "

ကျွန်တော်လည်း သူ့အသံကြားတာနဲ့ ကျွန်တော့်မျက်နှာကို ဆံပင်တွေနဲ့ ကွယ်ပစ်လိုက်တယ်...
သူက အိပ်ရာထဲ အပျင်းကြောဆန့်ပြီးမှ ထလာရင်း...

" ဘာဖြစ်နေတာလဲ? နေမကောင်းဘူးလား? "

ကျွန်တော် ခေါင်းကြီးငုံ့ထားပြီး ခေါင်းကို ပြုတ်ထွက်မတတ် ခါပြလိုက်တယ်...
သူက ရုတ်တရက်ဆိုသလို ကျွန်တော့်လက်ထဲက ဘီးကိုယူပြီး ကျွန်တော့်ဆံပင်ကို ဖြီးပေးတယ်...
မဖြီးလိုက်ပါနဲ့... ကျွန်တော့် မျက်လုံးတွေက အစ်နေတာ...
Seja Jeoha မြင်သွားရင် ကျွန်တော်ဟာ ဖားနဲ့တူတယ်လို့များ ပြောမှာလား?
သူက ကျွန်တော့်ကို ခေါင်းဖြီးပေးပြီး ဆံပင်ကို တစ်ဝက်စည်းပေးတယ်...
ပြီးတော့ သူက ကြေးမုံထဲက ကျွန်တော့်မျက်နှာကို ကြည့်ရင်း...

" ကွယ်မနေပါနဲ့... မင်းရဲ့နိုးခါစ မျက်နှာကို မြင်ပြီးသားပါ... မင်း နိုးခါစ မျက်နှာက ၅ နှစ်အရွယ် ကလေးလေးလိုပဲ... "

A BetrothalWhere stories live. Discover now