A Small Talk by the Lake (Unicode)

257 26 0
                                    

ကျွန်တော် ရှက်လိုက်တာဆိုတာ... သူနဲ့ ကျွန်တော် ဘယ်တုန်းက အဲ့ဒီ့လို ဖြစ်လို့လဲ? ဘုရားရေ... နန်းတွင်းကို စစရောက်ချင်းနေ့ကလား? မင်္ဂလာဦးညတုန်းကလား?ဖြစ်ရအောင် ကျွန်တော် ဟိုလိုမျိုးလည်း ဘာမှ မခံစားရပါဘူး...လူပျိုမဟုတ်တော့ဘူးဆိုရင် မဟုတ်တော့တာ သိသာမှာပဲလေ...ကျွန်တော့်မှာ ပဟေဠိပုစ္ဆာတစ်ခုကို အဖြေရှာနေရသလိုပဲ...Sehun ကတော့ ခပ်ပြုံးပြုံးပဲ... ကျွန်တော်နဲ့ Seja Jeoha ရဲ့ ဆက်ဆံရေးကို Sehun က တစ်မျိုး တွေးသွားပုံပဲ...

" ဟိုနေ့က နေမကောင်းတာ အဲ့ဒါကြောင့်လား, Yeol Hyungnim? အဲ့ဒါများ သမားတော်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ရောပေါ့... "

" မဟုတ်ဘူး... အဲ့ဒါကြောင့် နေမကောင်းတာ လုံးဝမဟုတ်ပါဘူးဆို... ငါ တကယ်ပြောတာ... ငါ့ကို ယုံပါ, Sehun ရဲ့! "

Sehun က ခေါင်းညိတ်ပြပေမယ့် ယုံတဲ့ ပုံ မပေါ်ပါဘူး... သူ့အတွေးနဲ့သူ ခေါင်းတညိတ်ညိတ်နဲ့ ပြုံးနေတယ်... ပြီးမှ...

" ကဲပါ.. လက်စွပ်ကို ဝတ်လိုက်ပါ, Yeol Hyung-nim... ဒါကို Hwa Young Noona မြင်ရင် နောက်ဆုတ်သွားအောင်လို့... "

" ဘယ်လို? နောက်ဆုတ်သွားအောင်? "

" ဟုတ်တယ်... "

ဒါဖြင့် Hwa Young Noona က ရှေ့ဆက်တိုးနေတယ်ဆိုတဲ့သဘောလား? ဒါမှမဟုတ် အရင်က ရပ်ခဲ့တဲ့ နေရာမှာပဲ ရပ်နေရင်း ခြေတစ်လှမ်းဆုတ်ဖို့ကို ခေါင်းမာနေတာလား? ကျွန်တော် မသိတော့ဘူး...
ကျွန်တော်က ဉာဏ်မမီဘူးဖြစ်မယ်...
ဒီကိစ္စတွေကို ဘယ်လိုမှ နားမလည်နိုင်ဘူး...
နားလည်ဖို့ ဘယ်လို ကြိုးစားရမှန်းလည်း မသိတော့ဘူး...

" Yeol Hyung-nim, Gayageum တီးတတ်တယ် မဟုတ်လား? "

ကျွန်တော် စဉ်းစားနေတာကို ဖြတ်လိုက်ရင်း...

" Imm... "

" ကျွန်တော့်ကို သင်ပေးမလားဟင်? "

" အို...သင်ပေးမှာပေါ့... "

" ကျေးဇူးတင်လိုက်တာ... တကယ်တော့ ကျွန်တော်က ဟိုသီချင်းတီးတတ်ချင်တာ... ချစ်တယ်ဆိုတဲ့ သီချင်းလေ... "

" အလွယ်ကလေးပဲ... သင်ပေးမယ်... ခဏလေးနဲ့ တတ်စေရမယ်... "

" ဟာ... ဝမ်းသာလိုက်တာ... ဒါဆို နောက် ၁ ယောက်ရော ခေါ်လာလို့ရလားဟင်? သူလည်း Gayageum သင်ချင်နေတာ... "

A BetrothalWhere stories live. Discover now