Part 1

11K 475 6
                                    


[Unicode]

"Soo ငါ ဒီနေ့ စောစော ပြန်မှရမယ်
နောက်အချိန် ဆရာတွေ မေးရင်
လုဟန်နေမကောင်းလို့ ပြန်သွားတယ် ပြောပေး"

"ဘာဖြစ်ရပြန်တာလဲ
မင်းလူကြီး ဘာဖြစ်လို့လဲ"

"အာ ဒီနေ့က ငါတို့ရဲ့ 4th Monthsary လေကွာ
အဲ့တာ Suprise လုပ်ပေးမလို့"

"Xiao Han ရယ် ရူးပါ့
Final Exam က နီးနေတာနော်
အလကား စာတွေက လွတ်ဦးမယ်
ပြောတော့ဖြင့် Uni ကောင်းကောင်း ဝင်မှဖြစ်မှာဘာညာနဲ့ "

"အင်းပါ အဖိုးကြီးပေါက်စရယ် ငါသိပါတယ်
ဒီနေ့တရက်ပဲလေနော် ဟီး နော် နော်"

"မျက်စောင်းကြီး မထိုးပါနဲ့ဟာ
တကယ် ဒီနေ့ တစ်ရက်ထဲပါဆို"

"ပြီးရော အရမ်းကဲမနေနဲ့ဦး
နက်ဖြန် practical ရှိတယ်နော်"

"Yes Sir
အားကိုးတယ်နော် သွားပြီ"

ဆရာတွေနဲ့ တည့်တည့် မတိုးရလေအောင် ကွေ့ပတ်ပြီးသွား
ကျောင်းစောင့်ဦးလေးကြီးကိုလည်း သားဒီနေ့
နေမကောင်းလို့ စောစောပြန်တာပါဘာညာ လှည့်ပတ်ပြော

လူကြီးရေ ခဗျားကြောင့် ကျနော် လိမ်နေမိပြန်ပြီ
ကျနော်က အရမ်းချစ်တယ်နော် သိရဲ့လား

~•~•~•~•~•~•~•~•~•~•~•~•~•~•

အင်း Cake ဝယ်မယ်
ဟိုတလောက လူကြီးက
Spagetti စားချင်တယ် ပြောထားတာ
အဲ့တာလေး လုပ်ကျွေးမယ်

အာ ဝိုင်ဝယ်ရဦးမယ်
Romance ပုံစံမျိုးလေး

လူကြီးရေ အလုပ်တွေ ကြိုးစားထားနော်
ရှောင်လုလေးက လူကြီးအမောပြေအောင် လုပ်ပေးမှာဗျာ

Spagetti လေး နှစ်ပွဲရအောင်
ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်
မှုတ်ထားတဲ့ ပူဖောင်းလေးတွေကို လိုက်ချိတ်
ဝယ်လာတဲ့ အမွှေးဖယောင်းတိုင်ကြီးတွေကို နေရာချ
ပုံစံတောင် အသည်းပုံလေး ဖော်ထားတာ

ကိတ်မုန့်လေးကို အဆင့်သင့်ချထား
ဝိုင်ထည့်ဖို့ ဖန်ခွက်လေးတွေကိုပါ ပြင်ပြီးသား

ဒီ ၄လ အတောအတွင်း လူကြီးက
အပြင်မှာ suprise လုပ်တာမျိုးတွေ
မကြိုက်မှန်း သိခဲ့ရတော့
ခုလို အိမ်ထဲမှာ ပြင်ဆင်ပေးထားတာလေး
သူသဘောကျမှာပါ

•~ ENDLESS ~•Where stories live. Discover now