Part 12

2.5K 270 52
                                    

[Zawgyi]

ကျနော် TV ကြည့်နေရာမှ အိမ်ထဲကို
လူကြီးဝင်လာတဲ့ အသံ ကြားနေရသည်......

ပြန်ရောက်တိုင်း အရင် နှုတ်မဆက်တတ်တဲ့
သူ့အကျင့်ကြောင့် ကျနော်ကပဲ
အရင် လှမ်းခေါ်လိုက်တယ်.....

"လူကြီး....ပြန်လာပြီလား"

"အင်း.....ကလေး
TV ကြည့်နေတာလား"

"ဟုတ်....နားပြီး ရေချိုးလေ
Xiao Lu ညစာ ပြင်ထားလိုက်တော့မယ်"

"ညစာထဲ popo တွေ ထည့်ထားနော်"

"အာ.....ပေါက်ကရတွေ
သွား ရေသွားချိုးတော့....."

လူကြီး ကျနော့်ကြောင့် စိတ်ရှုပ်နေတယ်ဆိုတဲ့
သူ့ရဲ့ အပြောကို ကျနော် ဘယ်လိုယုံရပါ့မလဲ......

ဟင်းချိုကို နွေးသွားအောင် ပြန်နွှေးပေးနေတဲ့
ကျနော့်ကို သူ နောက်ကနေ သိမ်းဖက်လိုက်တယ်.....

"ကလေး....."

ကျနော့်ပခုံးပေါ် တင်ထားတဲ့
သူ့မေးစိကို လှည့်နမ်းချင်မိတယ်.....

"အကြာကြီး မနွှေးနဲ့လေ....
ကလေးမှ အပူမကြိုက်ပဲနဲ့"

ကျနော် သူ့ဖက်ကို မျက်နှာလှည့်လိုက်တော့
သူကလည်း ကျနော့်ကို ကြည့်နေခဲ့တယ်......
မြတ်နိုးစွာ.....နူးညံ့စွာနဲ့.....

"ကိုယ့်ကို နမ်းချင်နေတာမလား"

"အဟက်.....ဘယ်သူ ပြောတုန်း"

"ကလေး မျက်လုံးထဲမှာ
ကိုယ် မြင်နေရတယ်လေ....."

တခြားအရာတွေပါ မြင်အောင်ကြည့်.....လူကြီး
ကျနော် ခု ခင်ဗျားကို စိတ်ပူနေတယ်.....
ခင်ဗျားထားခဲ့မှာကို ကြောက်နေတယ်......

"အင်း.....မျက်လုံး မှိတ်"

အသာ မျက်လုံးမှိတ်သွားလို့
ပြုံးစစ ဖြစ်နေတဲ့ သူ့မျက်နှာကို
ကြည့်ပြီး ကျနော် စိတ်ထဲ ဝမ်းနည်းလာတယ်.....

ခြေဖျားအသာ ထောက်လိုက်ရင်း
ချစ်ရသူရဲ့ မေးစိကို လှမ်းနမ်းမိတော့.....
ရေချိုးပြီးခါစမို့ after shave အနံ့လေးက
ကျနော့်နှာဖျားဝကို လာရောက် ကျီစယ်တယ်......

"ချီ....လူကြီး"

ကျနော့် ခန္ဓာကိုယ်တစ်ခုလုံးကို
အလွတ်ရနေတဲ့အလား သူက
မျက်စိတောင် ပြန်မဖွင့်တော့ပဲ
ကျနော့်ကို စွေ့ခနဲ ပွေ့ချီလေတယ်.....

•~ ENDLESS ~•Where stories live. Discover now