[Zawgyi]
အထက်တန်း ပထမနှစ်ကို စပြီး
တက်ဖြစ်ထဲက ကျနော်
အလုပ်တွေ ပိုရှုပ်လာရတယ်.......အတန်းခေါင်းဆောင်အပြင်
တခြားတာဝန်တွေပါ ပိနေသလို......ပိုပိုခက်လာတဲ့ စာတွေကြားမှာ
စိတ်ရော လူပါ ပင်ပန်းနေတာ.......ကျောင်းဖွင့်ခါစမို့ အသားမကျသေးတဲ့
အခြေအနေမှာ အတန်းသားအားလုံးအတွက်
ကြိုးစားပေးနေရတယ်လေ......."Luhan......ဆရာ့ကို ဒီ ဘရိတ်ဓားတွေ
ပန်းချီခန်းထဲ ယူသွားပေး
ကျောင်းသားတွေခေါ်ပြီး နောက်က လိုက်ခဲ့မယ်""ဟုတ်....."
သစ်သားတုံးတွေကို ဓားနဲ့ခြစ်ပြီး
လူရုပ်တွေ လုပ်ရတဲ့ သင်ခန်းစာဟာလည်း
တကယ် ခက်ခဲတယ်.......ထုတဲ့ဟာတွေရော စောက်တွေရော
အသုံးပြုလုပ်ရတာမို့ အန္တရာယ်လည်း များတယ်.......လက်တွေကိုပါ ခြစ်မိပြီး
ပွန်းပဲ့ကုန်တာ......ကျနော်က ပန်းချီပညာကိုလည်း
အတော်အတန် စိတ်ဝင်စားတဲ့လူမို့
စိတ်ပါလက်ပါ လိုက်နားထောင်ဖြစ်တယ်.......ဆရာက ရှင်းပြပြီး ပြောလိုက်
ကျနော်တို့က လက်တွေ့လိုက်လုပ်ကြည့်လိုက်.......စာသင်နေတဲ့ အချိန်ဆို ကျနော်
ကျိတ်မှိတ်ပြီး အဲ့လူကြီးကို
မေ့ထားဖြစ်တယ်......သတိမရချင်ဘူး.......လွမ်းလိုက်ပြီဆိုတာနဲ့
သူနဲ့ ပက်သက်တဲ့ အတွေးဆိုးတွေက
ခေါင်းထဲကို ရိုင်းစိုင်းစွာနဲ့ ဝင်လာကြတော့မှာ......တခါတလေတော့ အတွေးတွေထဲလည်း
သူ့ကို စိုးမိုးမနေစေပဲ နေသင့်တယ်လေ......"ဆရာ.....ကျောင်းအုပ်ကြီး ခေါ်နေတယ်"
"ဟုတ်လား.....အခုလား
အေး အေး......လာခဲ့မယ်""ဆရာ ခု ပြန်လာခဲ့မယ်နော်......
လုပ်စရာရှိတာ ဆက်လုပ်ထား"Luhan ဒီနေ့ ဆွဲရမယ့်ပုံက
Julius Ceaser ရဲ့ ပုံ......ပုံက ရုပ်လုံးတောင် သိပ်မပေါ်သေး......
ဟူး...... အကြာကြီး လက်ညောင်းရဦးမှာ
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...