Part 4

3.2K 295 12
                                    

[Zawgyi]

နေ့လည်စာအစား CocaCola တစ်ဗူးကိုပဲ
ဖောက်ပြီး သောက်မိတော့ ပြင်းရှရှ
အရည်တွေက လည်ချောင်းထဲကနေ တစ်ဆင့်
မညှာမတာ စီးဆင်းသွားကြတယ်.....

ခင်ဗျားကြောင့်နဲ့ စိတ်ညစ်နေရချိန်ဆို
အအေးတွေကတောင် မချိုမြိန်နိုင်တာ.....
ရင်တွေ ပူလွန်းလို့ အအေး သောက်မိကာမှ
ဗိုက်တွေထဲပါ ပူလောင်လာတဲ့ အထိ.....
ဗိုက်ထဲ ဘာအစာမှ မရှိပဲ ဒီလိုမျိုး gas ပါတဲ့
အအေးတွေ သောက်နေမှန်း Innie သာ သိရင်
ကျနော့်ကို မျက်ရည်တွေ ဝဲပြီး ဆူလိမ့်ဦးမယ်......

Silent လုပ်ထားတဲ့ ဖုန်းက vibrate သံ
အဆက်မပြတ် ထွက်ပေါ်နေတော့ ဖုန်းကို
ကောက်ယူပြီး ကြည့်လိုက်မိတယ်.....
အမှန်ဆို ဒီလို စိတ်အခြေအနေမှာ
ဘယ်သူနဲ့မှ ဖုန်းမပြောချင်ဘူး....
ဒါပေမဲ့ ဒီလို မကိုင်မချင်း ခေါ်နေတာမျိုးဆို
Innie ပဲ ဖြစ်မှာ.....သူ့ကို အလကားသက်သက်
ကျနော် ဖုန်းမကိုင်မိတာလေးနဲ့ စိတ်ပူမနေစေချင်ဘူး....

"အင်း......ပြော"

"Hannie.....နေ့လည်စာ စားပြီးပြီလား"

"စားချင်စိတ် မရှိလို့.....မစားထားဘူး"

"အသံက ဘာဖြစ်နေတာတုန်း.....နေမကောင်းဘူးလား"

လူကြီး..... Innie ဂရုစိုက်တာရဲ့
တစ်ဝက်လေးလောက်ပဲ ကျနော့်ကို ကြင်နာပေးပါလား

"လူကြီးနဲ့ ရန်ဖြစ်ထားလို့....."

Oh Sehun နဲ့ ကတောက်ကဆ ဖြစ်ပြီးတိုင်း
ကိုယ်တွေ တဖြည်းဖြည်း ပူလာပြီး
နေမကောင်းဖြစ်တတ်တဲ့ ကျနော့် အကျင့်ကို
Innie ကတော့ ကောင်းကောင်း
နောကျေ နေလောက်ရောပေါ့.....

"ကျောင်း အပြန်ကျရင် Hannie အိမ်
ဝင်လာမလို့....Do Soo က ဒီနေ့ အရေးကြီးတဲ့
revision တွေ ပေးတယ် ပြောတယ်
အဲ့တာတွေ လာပေးမလို့.....
ဘာစားချင်လဲ.....ဝယ်လာပေးမယ်လေ"

"ပဲခေါက်ဆွဲ...."

"Omm....ပဲခေါက်ဆွဲရယ် Bubble tea ရယ်လား"

"ဒီနေ့ bubble tea မသောက်ချင်ဘူး
Americano ဝယ်ခဲ့ပေး....."

"ok.....ကျောင်းဆင်းတာနဲ့ လာခဲ့မယ်
ထမင်း မစားချင်ရင်တောင် မုန့်တစ်ခုခုတော့ စားထား
ဗိုက် အရမ်းဆာလာရင် ဗိုက်အောင့်နေဦးမယ်....."

•~ ENDLESS ~•Where stories live. Discover now