Part 2

4.6K 362 2
                                    


[Unicode]

"Hannie ရော့ ပျားရည်
သောက်လိုက် ခေါင်းကြည်အောင်"

"အိမ်က ဖျော်လာတာလား"

"အင်းပေါ့ ကိုယ် ဖျော်ပြီး ယူလာတာလေ
Hannie ခေါင်းကိုက်နေတယ် မလား"

"အွန်း gomawo"

"ပြောပြန်ပြီ
ဒီကျေးဇူးတင်စကား
မပြောပါနဲ့ဆို"

"ဟုတ်ကဲ့ပါဗျ နောက်ဆို ထပ်မပြောတော့ပါဘူး ခင်ဗျ"

"ဟဟ အေးပါကွာ မင်းတို့ ခေတ်ပဲ"

"ဘာ မင်းတို့လဲ Hannie တစ်ယောက်ပဲ မဟုတ်ဘူးလား"

"မျက်စောင်းကြီး မထိုးပါနဲ့ကွာ
လှလည်း လှတာ မဟုတ်ပဲနဲ့ ပုံဆိုးပန်းဆိုးကြီး"

"ဘာပြောတယ်
ဘယ်လိုကြီးတောင် ပြောလိုက်တာ"

"စတာဘာ နောက်တာဘာ အတည်ပြောတာဘာ."

"ဟျောင့် မင်း သေချင်နေပြီလား ဟုတ်လား"

"သားက မလှလို့ မလှဘူး ပြောတာကို"

"Yahh Kim Jongin"

Soo ကျောင်းထဲကို လမ်းလျှောက်လာရင်း
canteen နားမှာ ဂျုံအင်ရယ် လုဟန်ရယ်
စကား ရပ်ပြောနေကြတာ တွေ့တယ်
Xiao Han မျက်နှာက တဖြည်းဖြည်း စိတ်ဆိုးလာတဲ့ ပုံမျိုး
ဪ ဂျုံအင် စနေပြန်ပြီ ထင်တယ်

ဟုတ်တာပေါ့
စကားပြောနေရင်း ဂျုံအင်က ပြေးထွက်သွားပြီး
Xiao Han က နောက်ကနေ ကျောကုန်းကို
တဖုန်းဖုန်း လိုက်ထုနေလေရဲ့

ဂျုံအင်က လွတ်အောင် ပြေးတာလည်း မဟုတ်
အမြဲတမ်း အရိုက်ခံနေကြ သူ့ဟာသူ သွားစ
ပြီးရင် သူ့ဟာသူ အရိုက်ခံတာပဲ
Xiao Han ကလည်း စိတ်ညစ်နေရင်
ဂျုံအင့်ကို အားရပါးရ ရိုက်လိုက်ရမှ
ကျေနပ်တတ်တဲ့ လူမျိုး

အင်း အခန်းထဲ ရောက်မှ Xiao Han ကို
မေးကြည့်ရဦးမယ် ဒီလို ဖြစ်နေပုံအရဆို
သူ့ လူကြီးနဲ့ ဘာဖြစ်လာပြန်ပြီလဲ မသိဘူး

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

"Xiao Han ဘာဖြစ် နေတာလဲ
မင်း သေမလို လုပ်ချင်နေတဲ့
နောက်ဆုံး Chemistry practical ကိုတောင်
စိတ်မပါ လက်မပါနဲ့ ဘာလဲ
မင်း လူကြီးနဲ့ ဂွမ်းလာပြန်ပြီလား?? "

•~ ENDLESS ~•Where stories live. Discover now