Part 3

3.9K 325 16
                                    

[Zawgyi]

"ကလေး.....morning"

"Xiao Lu အချစ်တုံးကြီး.....နိုးလာပြီလား"

"နိုးပါပြီဗျာ.....ညက  ကိုယ် အလုပ်တွေ
များတာနဲ့ ညဥ့်နက်သွားတယ်
ကိုယ် အခန်းထဲ ဝင်လာတော့
ကလေးက အိပ်တောင် ပျော်နေပြီမို့
မနိုးတော့တာ.....
စကား ပြောကြမယ် ပြောထားတာကို
ကိုယ်စောစော လာမအိပ်ပေးနိုင်လို့
စိတ်ဆိုးနေလား....ဟင်"

"အင်း.....နည်းနည်းလေး ပိစိလေး စိတ်ဆိုးတယ်"

"ဟဟ.....ပိစိလေးဆိုတာ ဘယ်လောက်လေးလဲ"

Sehun ရုတ်တရက် ရှေ့တိုးလာပြီး
Luhan ရဲ့ နှုတ်ခမ်းတစ်ခုလုံးကို
သူ့ နှုတ်ခမ်းလွှာတွေနဲ့ အုပ်မိုးပြီး
ငုံလိုက်တာကြောင့် Luhan တို့ခမျာ
romantic ဆန်ဆန် မျက်လုံးလေးပိတ်ထားဖို့
နေနေသာသာ ပြူးပြီးတော့ကို အံ့သြနေလေရဲ့......

"ပိစိဆိုတာ အဲ့လောက်လေးမလား.....
ကလေး နှုတ်ခမ်းလေးလောက်လေ....ပိစိလေး"

"အာ.....လူကြီး!!!!!
မျက်နှာလည်း မသစ်ရသေးပဲနဲ့
ညစ်ပတ်လိုက်တာ"

"အပိုတွေ မပြောပါနဲ့နော်.....အိပ်ရာထတုန်းက
ဘယ်ကောင်လေးလည်း ကိုယ့်မျက်နှာကို ခိုးနမ်းသွားတာ"

"ဟင်.....သိတယ်လား"

"သိတာပေါ့.....ကလေးထသွားတော့ ခွထားတဲ့
ခြေထောက်က နေရာလွတ်သွားတာကို"

"ဟွန့်.....အဲ့တာများ ထမလာဘူး
အကျင့်ပုတ်ပြီး ဆက်အိပ်နေတာ"

"ကလေးလေး ပြင်ပေးတဲ့ မနက်စာ စားချင်လို့လေ"

"အပိုတွေ.....သွား မျက်နှာသွားသစ်"

Sehun ရယ်ကျဲကျဲနဲ့ ရေချိုးခန်းထဲ ဝင်သွားရင်း 
Luhan ကို wink လုပ်ပြသွားသေးတယ်......

"မကောင်းတဲ့လူကြီး.....အမြင်ကတ်ဖို့ ကောင်းလိုက်တာ"

"ဟေ့.....ကြားရတယ်နော်"

"သွားပါဗျာ.....မြန်မြန်လုပ်"

မနက်တိုင်းသာ ဒီလို အမြဲ ကြည်နူးနေရမယ်ဆို
ဘယ်လောက်တောင် ကောင်းလိုက်မလဲ.....လူကြီး
ကျနော် အရမ်းပျော်နေရတယ်.....

ထောပတ်သုတ်ပြီး ထည့်ထားတဲ့
ပေါင်မုန့်တွေ ပေါင်မုန့်မီးကင်စက်ထဲကနေ
ထွက်လာတော့ Luhan စတော်ဘယ်ရီယိုလေး
ထပ်သုတ်ပေးထားလိုက်တယ်....
ပြီးတော့ လူကြီးအကြိုက်ပုံစံနဲ့ coffee ခါးခါး
ကလည်း အသင့် ဖျော်ထားပေးပြီးသား......

•~ ENDLESS ~•Where stories live. Discover now