Part 15

2.8K 312 91
                                    

[Zawgyi]

ကျနော် Company ကို စပြီး ဝင်လာထဲက
ဝန်ထမ်းတွေက ပြုံးရွှင် နှုတ်ဆက်နေကြသည်......

လိုတာထက် ပို၍......

"Chukhahaeyo.....Mr.Oh shhi"

"Chukhahae....."

အပြိုင်အဆိုင် ကြားနေရတဲ့
ဂုဏ်ပြုစကားသံများ.......

ဘာလဲ...... ကျနော်နဲ့ ကလေးနဲ့
အကြောင်းကို လူတွေ သိကုန်ကြတာလား

ကျစ်.....ဒီအချိန်မှာ မဖြစ်တာကို
ကလေး အနေကျုံ့နေရမှာ.......

အလိုက်သင့် ပြန်ပြုံးရီပြလိုက်ပေမဲ့
အပြုံးတွေက ပီပြင်ရဲ့လားတောင် မသိ......

Jin Woo ကို မေးရမယ်......

သို့သော် ရုံးခန်းထဲ ရောက်တဲ့အထိ
Jin Woo ကို မတွေ့ရသေး.....

Americano coffee ခါးခါး တစ်ခွက်ကတော့
စားပွဲပေါ် အသင့် နေရာယူထားပြီးသား......

အမှန်က ကျနော် အခါး မကြိုက်......

ငယ်ငယ်ထဲက bubble tea လို
အချိုတွေသာ သောက်လာခဲ့သူမို့
coffee က ကျနော့် style မဟုတ်.....

ဒါမဲ့ Xiao Luhan ဆိုတဲ့ ခွေးပေါက်လေးရဲ့
အာခံတွင်းထဲက ရခဲ့တဲ့ coffee နံ့ သင်းသင်းကြောင့်
ကျနော် coffee စ သောက်ဖြစ်ခဲ့သည်......

ကျနော်တို့ရဲ့ first kiss ပြီးထဲက ဆိုပါတော့......

Love in first sight ဆိုတဲ့ စကားကို
ကျနော် အယုံအကြည် မရှိခဲ့ပေမဲ့
ပထမဆုံး အမှတ်မထင် တွေ့ဆုံခဲ့မှုမှာတင်
ကျနော် နှလုံးသားတစ်ခုလုံးကို ထိုကောင်လေး
သိမ်းပိုက်သွားခဲ့သည်လေ......

ဒုတိယမြောက် ကျနော့်ဘက်က
လုပ်ယူဖန်တီးခဲ့တဲ့ အမှတ်မထင်
တွေ့ဆုံမှုမှာတော့ ကျနော်က
သူ့နှုတ်ခမ်းတွေကို ကျုးကျော်ခဲ့မိသည်......

ထိုစဉ်က ရင်းနှီးကျွမ်းဝင်ခဲ့ရသော
coffee နံ့လေးကြောင့် သူ မပြောပြပါပဲ
အဲ့ကလေး coffee ကြိုက်တတ်မှန်း
ကျနော် သိခဲ့ရသည်......

•~ ENDLESS ~•Where stories live. Discover now