[Zawgyi]
ည 9 နာရီစွန်းစွန်းအချိန်ရဲ့ Incheon Airport
ထဲမှာ လူတွေ ပျားပန်းခတ် လှုပ်ရှားသွားလာနေဆဲပဲ.....Xing ရဲ့ အိမ်မှာ နှစ်ယောက်ထဲ အချိန်ကြာတဲ့ထိ
အတူမနေချင်တာကြောင့် ရေချိုးပြင်ဆင်ပြီးတာနဲ့
Sehun တို့ ထွက်လာခဲ့လိုက်တာ ခုတော့ အချိန်က
တစ်နာရီခွဲလောက် စောရောက်နေတယ်....."Hun....coffee"
ဘယ်အချိန်ထဲက အနားက ထသွားမှန်းမသိတဲ့
Xing က Coffee နှစ်ခွက်ကိုင်လို့ ပြန်ရောက်လာတော့မှ
Sehun သတိပြန်ဝင်လာတယ်....."Hun....နေမကောင်းဘူးလား"
"မဟုတ်ပါဘူး...."
"မျက်နှာ မကောင်းလို့လေ"
"ဘာမှ မဖြစ်ပါဘူး....Jin Woo ကို ဖုန်းဆက်လိုက်ဦး
ကိုယ်တို့ ရောက်နေပြီဆိုတဲ့ အကြောင်း"Xing ဖုန်းဆက်နေတဲ့ အချိန်မှာ ကျနော် ဖုန်းကို
ထုတ်လိုက်ပြီး sociel network တချို့ကို သုံးလို့
ထွေပြားနေတဲ့ အာရုံတွေကို စုစည်းနေရတယ်.....
ကိုယ် ဂနာမငြိမ် ဖြစ်နေတာ ကိုယ်ပဲ သိတယ်....
ဒါမဲ့ မတည်မငြိမ် ဖြစ်နေတဲ့ ပုံစံကို Xing ရဲ့
ရှေ့မှာ မပြချင်မိတာမို့......Sehun စိတ်မပါလက်မပါနဲ့ ဖုန်းကို အပျင်းပြေ
သုံးနေရင်း တွေ့လိုက်ရတဲ့ သတင်းတစ်ခုကြောင့်
မျက်လုံးတွေပါ ပြာတက်သွားတယ်......"Hun...."
Jin Woo ရောက်နေပြီဆိုတာကို အကြောင်းကြားဖို့
အနောက်ဘက် ခုံမှာ ထိုင်နေတဲ့ Hun ကို
လှမ်းခေါ်ပြီး လှည့်ကြည့်လိုက်ပေမယ့်.....
Hun က နှုတ်ခမ်းတွေ တုန်လို့ ဖုန်းကိုင်ထားတဲ့
လက်တွေကပါ တဆတ်ဆတ် လှုပ်ခါနေလေတယ်......"Hun !!!!"
Sehun ရဲ့ အနားကို လျှောက်သွားပြီး လက်ကို
လှုပ်ရမ်းပြီး ခေါ်တော့မှ အသိပြန်ဝင်လာပြီး
မျက်ရည်တွေ ရွှဲနေတဲ့ မျက်ဝန်းတွေနဲ့
Xing ကို မောကြည့်လာခဲ့တယ်....."Mr.Oh ဘာဖြစ်နေတာလဲ"
"Jin....Jin Woo.....
ငါ အိမ် ခဏ ပြန်....ပြန်ဦးမယ်""ဗျာ....ဘာဖြစ်လို့လဲ
လေယာဉ်ချိန်က တစ်နာရီလောက်ပဲ လိုတော့တာဟာကို"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...