Part 8

3K 265 12
                                    

[Zawgyi]

"Hannie ရေ.....ကိုယ် မုန့်ပါလာတယ်"

လက်ထဲမှာ ဝယ်လာတဲ့ မုန့်ထုပ်ကို ကိုင်ပြီး
ပိုင်စိုးပိုင်နင်း အိမ်ထဲဝင်လာတဲ့ Jongin ကို
Luhan သိပ်တော့ ဘဝင်မကျချင်.....

သူ့ပုံစံက အလုပ်က ပြန်လာနေတဲ့ ရည်းစားက
အိမ်အပြန်မှာ မုန့်ဝယ်လာသလိုလို ဘာလိုလို.....
ကျနော်က သူ့ရည်းစားမှ မဟုတ်ပဲကို......

အိမ်ရဲ့ password တွေ ဘာတွေ
ပြောပြထားတဲ့အထိ ကျနော် သူ့ကို
အခွင့်အရေးတွေ ပေးထားခဲ့တာ.....
အိမ် password ကို Soo တောင် သိတာမဟုတ်ဘူး....
ယုံခဲ့မိတဲ့လူမို့ ပုံအပ်ထားတာဆိုပေမဲ့
ရှင်းရှင်း ပြောရရင် တချို့ တချို့သော
သူ့ အပြုအမူတွေကို သဘောမကျတာကတော့ အမှန်ပဲ....

စာကြည့်စားပွဲနား ရောက်လာတဲ့ Jongin ကို
Luhan တစ်ချက် မော့ကြည့်လိုက်ပြီး.....

"မုန့် ဝယ်လာတိုင်း ပျော်ရအောင်
ငါက ကလေးမို့လို့လား...."

Jongin မျက်နှာ တစ်ချက် ပျက်သွားပေမဲ့
မသိသာအောင် ပြန်ထိန်းလိုက်တယ်.....
Hannie က တခါတလေ အဲ့လို ဆိုးတတ်တယ်လေ

"Stress တွေ များနေတာလား....Hannie"

"အင်း.....စာတွေက တကယ် များတယ်"

ဟုတ်တာပေါ့.....စာတွေများပြီး စိတ်ရှုပ်နေလို့သာ
Hannie က ကျနော့်ကို ဒီလို စကားတွေ
ပြောနေတာ နေမှာပါ.....

"ကိုယ် ဘာလုပ်ပေးရဦးမလဲ"

"မလိုပါဘူး....ငါက မင်းထက် ပိုတော်တဲ့ဟာ"

"ဟုတ်ပါတယ်ဗျာ.....Xiao Luhan သာ ရှိနေရင်
Kim Jongin တို့ မနှစ်က အလယ်တန်းကို
တစ်ကျောင်းလုံး ပထမနဲ့ အောင်ခဲ့မှာကို မဟုတ်ဘူး"

Jongin ပြောပြီးသွားမှ စကားမှားသွားမှန်း
သူ သတိပြန်ဝင်သွားတယ်....
Hannie က အဲ့ကိစ္စကို ပြန်အစဖော်ရင်
ကြိုက်တာ မဟုတ်ဘူးလေ.....

"Kim Jongin !!!! "

Luhan မျက်လုံးစိမ်းတွေနဲ့ Jongin ကို
မော့ကြည့်လာတယ်......
စိတ်တိုတယ်.....တကယ်

"ငါ ဒီ final exam ကို ပထမနဲ့ မအောင်ခဲ့ရင်
မင်းကို တစ်သက်လုံး မခေါ်တော့ဘူး....."

"အာ....Hannie ကလည်း ပေါက်ကရတွေ
Hannie ဒီလောက် ဉာဏ်ကောင်းတဲ့ဟာ
ပထမကို Hannie မရလို့ ဘယ်သူရရမှာတုန်း"

•~ ENDLESS ~•Where stories live. Discover now