Part 9

2.9K 277 17
                                    

[Zawgyi]

စာမေးပွဲနောက်ဆုံးနေ့မှာ
ကိုယ် အရောက်ပြန်လာခဲ့မယ်နော် ဆိုတဲ့
သူ့ရဲ့ ကြိုတင်အသိပေးထားမှုကြောင့်
စာမေးပွဲ ဖြေပြီးတာနဲ့ လေဆိပ်ဆီကို
Luhan တန်းပြီး ပြေးလာခဲ့တယ်.....

လေယာဉ်ဆိုက်ဖို့ နာရီဝက်လောက်
လိုနေသေးတာကြောင့် ဘေးနားမှာ တွေ့တဲ့
ခုံတန်းလေးပေါ်မှာ ဝင်ထိုင်လိုက်တယ်.....

တကယ် တွေ့ရမယ်ဆိုတော့လည်း
ဘာလို့မှန်းမသိ မပျော်ဘူး.....လူကြီး

မတ်တပ်ရပ်ပြီး စောင့်ကြိုမနေချင်လောက်အောင်
စိတ်ထဲ ဘာတွေ မကြည်မသာ ဖြစ်နေလည်း မသိ.....

ပျင်းပျင်းရှိတာနဲ့ လွယ်အိတ်ထဲက
ဖုန်းရယ် နားကြပ်ရယ်ကို ထုတ်ပြီး
သီချင်းဖွင့်လို့ နားထောင်နေလိုက်တယ်......

I have died everyday
waiting for u.....
Darling don't be afraid
I have loved you
for a thousand years.....
I' ll love you
for a thousands more......

And all along I believed
I would find you.....
Time has brought
your heart to me.....
I have loved you
for a thousand years.....
I' ll love you
for a thousands more.....

ကြားနေရတဲ့ သီချင်းသံကြောင့်
ရင်ထဲ မချိမဆန့်ကို ဖြစ်လာရတယ်.....
နားထဲ အလိုက်သင့် ထည့်ထားတဲ့
နားကြပ်ကိုတောင် အတင်း
ဆွဲဖြုတ်မိတဲ့ အထိ......

ချစ်နေမှာတဲ့လား.....
ကျနော့်ကို အရင်ကလည်း အရမ်း ချစ်ခဲ့သလို
နောင်မှာလည်း အများကြီး ချစ်နေပေးမှာဆိုတဲ့
အကြောင်းကို သီချင်းတစ်ပုဒ်နဲ့ ပြောပြခဲ့တာလား.....
ကျနော့်အချစ်တွေကို အမြဲတမ်း
စောင့်မျှော်နေခဲ့တာ တဲ့လား......
ရင်တွေ ပူလောင်လို့ လာတယ်......

Kim Jongin.....

ကျနော့်ကို သီချင်းပေါင်းများစွာ
သီဆိုပြခဲ့တဲ့ လူ.....

ကမ္ဘာပေါ်မှ ရှိသမျှ သီချင်းတွေကို
နားမထောင်ဖူးပေမဲ့......
ကျနော် နားထောင်ဖူးတဲ့ သီချင်း
တော်တော်များများဟာ သူ ဆိုပြခဲ့တာတွေချည်း.....

ပိုဆိုးတာက ဒီသီချင်းမှာ
မမေ့နိုင်တဲ့ အမှတ်တရ ရှိတယ်.....

သူ နောက်ဆုံး ဆိုပြခဲ့တဲ့ သီချင်း.....

လူကြီးကို အဖြေပေးလိုက်တော့မယ်လို့
ဆုံးဖြတ်လိုက်တဲ့ နေ့မှာ သူ့ကို
အိမ်နားက ပန်းခြံထဲကို အရောက်ခေါ်လို့
ညနေ နေဝင်ခံနီး အချိန်လေးမှာ
သီချင်းတစ်ပုဒ်ဆိုပြဖို့ အမိန့်ပေးခဲ့တယ်.....

•~ ENDLESS ~•Where stories live. Discover now