Part 6

3K 298 83
                                    

[Zawgyi]

ညနေ Sehun ရုံးက ပြန်ရောက်ကတည်းက
Xiao Lu တစ်ယောက် ကုတင်ပေါ်မှာ
အိပ်နေတာ အခု ညနေစောင်းတဲ့အထိ ထမလာသေး......
အိပ်နေတုန်း ခဏ သွားဝင်ကြည့်မိတော့
ပါးမို့မို့လေးတွေ ခုထိ ရဲသွေးနေတုန်း.....
ဒီကလေး ချူချာတတ်မှန်း ကျနော်သိတယ်.....

ရေအချိုးမှားရင်တောင် နေမကောင်း ဖြစ်တတ်လွန်းတဲ့
အဲ့ကလေးကို ကျနော်က အခန်းအပြင်မှာ အိပ်ဖို့
ပြောခဲ့မိတာ......ရာသီဥတုလေး အေးလာရင်တောင်
နှာတရှုံ့ရှုံ့ဖြစ်တတ်တဲ့ အဲ့ကလေးကိုမှလေ.....

သူနဲ့ ပက်သက်လာရင် ကျနော့် စိတ်တွေ
အစိုးမရဖြစ်လွန်းတယ်.....
ထိန်းချုပ်လို့ မရတော့တဲ့အထိ.....
နာကျင်ရအောင် မလုပ်တော့ပါဘူးလို့
တစ်ကိုယ်တော်ကတိတွေ အထပ်ထပ် ပေးထားခဲ့လည်း
ကျနော်က သူနာကျင်အောင် အမြဲ လုပ်မိနေတော့တာ......
မျက်ရည်တစ်စက် မကျရလေအောင်
ဖူးဖူးမှုတ်ချစ်ထားချင်တဲ့လူက ကျနော် ဆိုပေမဲ့လည်း
သူ့ကို မျက်ရည်ကျစေတဲ့ အဓိက တရားခံကလည်း
ကျနော် ဖြစ်နေခဲ့တာ......

လူကြီးပေးတဲ့ အချစ်တွေမှာ နာကျင်ခြင်းတွေပါ
ပါနေတာလို့ ပြောပြီး သူကတော့ နားလည်ပေးရှာတယ်.....
ဒါပေမဲ့ ဘယ်လောက်ထိ သည်းခံနိုင်မှာမို့လို့လဲ.....
အချစ်တွေအစား နာကျင်မှုတွေချည်း ပေးနေတဲ့
ကိုယ့်ကိုလေ ကလေး မချစ်ပေးနိုင်တော့မှာ
ကိုယ် အကြောက်ဆုံးပါ......
ကလေး ယုံပေးနိုင်ပါ့မလား.....
တခါတလေကျ ကိုယ့် ကလေးလေး ပျော်အောင်
ကိုယ် ဘယ်လောက်ထိ ချစ်ပါတယ်ဆိုတဲ့
အကြောင်းတွေကို စာစီကုံးလို့ ပြောပြချင်မိတာပါ......

ကိုယ့်ထက် ၁၀နှစ်ကျော်ကျော်လောက် ငယ်နေတဲ့
ကလေးတစ်ယောက်ကို ချစ်ခဲ့မိခြင်းကပဲ
မှားယွင်းမှုတွေကို အစပျိုးခဲ့လေသလား.....
ဖြူစင်လွန်းတဲ့ ကလေးက ကိုယ့်ကို
မက်မောစွာ ဖက်တွယ်ခဲ့ခြင်းကပဲ
အမှား ဖြစ်ခဲ့လေသလား.....
ကိုယ် အရောင်ဆိုးတာကို လွယ်လင့်တကူ
လက်ခံခဲ့တဲ့ မင်းမှားတာပါလို့များ အပြစ်တင်ရင်
ကိုယ့်ကို လူဆိုးလို့ သတ်မှတ်လိုက်လေမလား......

ဘယ်လောက်ပဲ ကိုယ်က အတင်းအဓမ္မ
သိမ်းပိုက်ခဲ့တယ် ပြောပြောပေါ့.....
ကလေးသာ ကိုယ် ကမ်းလင့်ခဲ့တဲ့ လက်ကို
မဖမ်းဆုပ်ခဲ့ဘူးဆို ဒီလို နာကျင်စရာတွေ
ရှိလာလိမ့်မယ် မထင်ဘူး......

•~ ENDLESS ~•Where stories live. Discover now