[Zawgyi]
"Samchom......"
"လာလေ.....သား
ဗိုက်ဆာပြီလား""ဒါပေါ့.....ဆာနေပြီပေါ့လို့
ဘာလုပ် နေတာလဲ.....""ထမင်းကြော်နေတာလေ.....ရတော့မယ်
ခဏထိုင်စောင့်.....မျက်နှာရော သစ်ပြီးရဲ့လား""သစ်ပြီးပါပြီနော်.....ဒီမှာကြည့်"
"Wow.....Kimchi ထမင်းကြော်
mwahh.....mwahh"အနားကို ကပ်သွားလိုက်ပြီး
ထမင်းကြော်နေတဲ့ samchom ရဲ့
ပါးကို နောက်ကနေ အားရပါးရ
မွှေးနမ်းပစ်လိုက်တယ်......အမှန်ဆို ဒီအတောအတွင်းက
samchon နဲ့ အနေလည်း စိမ်းခဲ့ရတာ......
ဖုန်းအဆက်အသွယ်လောက်ပဲ ရှိပြီး
ကျနော်က သွားမတွေ့နိုင်ခဲ့ဘူးလေ.....Samchom ကလည်း လူကြီးကို
မကြည်ဖြူတာမို့ ကျနော့်ဆီလည်း
လာမတွေ့ခဲ့......"အလကား.....လာချွဲနေ"
"Samchom နဲ့ ဒီလိုမနေရတာ
ကြာနေပြီကို"ရုတ်တရက် Samchom
မျက်နှာပျက်သွားတော့မှ
ကျနော် စကားမှားမှန်း သိလိုက်တယ်.....ဒါမဲ့လည်း ပြန်မရုတ်ချင်တော့.....
ပြောသင့်တာတော့ ပြောရမယ်လေ
ဘာလို့ဆို အိမ်ပြန်ရောက်ထဲက
Samchom က ခုထိ တစ်ခွန်းမှ
မမေးသေးတာကို....."သားကို ဘာမှ မမေးတော့ဘူးလား"
"အတိတ်တွေ မသိချင်တော့ပါဘူး.....Han ရယ်
ဒါဟာ လမ်းမှန်မဟုတ်နိုင်ဘူးလို့ အစထဲက
Samchom ပြောရဲ့သားနဲ့ သားလျှောက်ခဲ့တာလေ
ခု အဆင်မပြေတော့ သားအမြင်မှန်ရပြီမလား.....
အဲ့တော့ Samchom ဆီ ပြန်လာတယ်လေ
ဒါဆို ရပြီပဲ.....သားရယ်""သား မှားခဲ့တာနော်.....တကယ် မှားခဲ့တာ
ကိုယ့်ကိုကိုယ်လည်း ပျက်စီးစေတယ်
သူများကိုလည်း နာကျင်စေခဲ့တာ
အရူးလိုပဲ.....""အပြစ်မတင်နဲ့.....အတုယူ ဒါပဲ
ခုရော သားလေး Jongin နဲ့က.....""သား သူ့ဆီ သွားခဲ့တယ်.....Samchom
သူကလည်း လက်ခံတယ်""အင်း.....ဒါ တော်ရုံအချစ်ကြီးပုံမျိုးနဲ့တော့
မရဘူးဆိုတာ သား သိမှာပါ
နောက်တခါတော့ မနာကျင်ခိုင်းနဲ့တော့နော်"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...