Part 10

3.1K 267 9
                                    

[Zawgyi]

"Wahhh.....ကောင်းလိုက်တာ
လေလေးက လတ်ဆတ်ပြီး အေးနေရော"

"အဲ့လောက်တောင် ပျော်လား.....ကလေးရဲ့"

သူ့လက်လေးကို အသာ ဆုတ်ကိုင်ရင်း
ကျနော် မေးလိုက်တော့ ခွေးပေါက်လေးက
ပြုံးရွှင်လို့ ခေါင်းတဆတ်ဆတ် ငြိမ့်ပြနေလေရဲ့.....

အဲ့ကလေး အရမ်း ပျော်နေရှာတာ.....

ကားအပြင်ဘက်ကို လက်ထုတ်ပြီး
အော်ဟစ် သောင်းကျန်းနေတော့တာ.....

လေယာဉ်ပေါ်မှာတောင် အိပ်ပြီး
လိုက်မလာတော့ပဲ ခွေးပေါက်လေးက
အရမ်း စိတ်လှုပ်ရှားပြီး ပျော်နေခဲ့တာ.....

သူ စာမေးပွဲပြီးလို့ ကျနော် ပြန်လာပြီးနောက်ပိုင်း
အဲ့ကလေး မျက်နှာ မသာမယာ ဖြစ်နေတာ....
ကျနော့်ကို လေဆိပ်မှာ လာကြိုတဲ့နေ့တုန်းကတောင်
သေချာ မပြုံးပြနိုင်ခဲ့တာလေ.....
ကိုယ် သိနေတဲ့ အမူအရာ ပြလိုက်ရင်
ကလေးများ စိတ်ညစ်သွားမလားဆိုတဲ့ အတွေးကြောင့်
မသိချင်ယောင် ဆောင်ပေးခဲ့ရသေးတယ်.....

ကလေး မပျော်ရင် ကိုယ်လည်း မပျော်နိုင်ပါဘူးလေ.....

"ကလေး.....ကိုယ်တို့ ခရီးသွားကြမလား"

"ဟင်....တကယ်လား တကယ်လား
ဘယ်သွားမှာလဲ ဟင်"

ကျနော် အရမ်းကို မြတ်နိုးရတဲ့ သူ့ရဲ့
မျက်လုံးဝိုင်းလေးတွေ တလက်လက်ကို
တောက်ပလာပြီးတော့ ခုန်ဆွခုန်ဆွ
လာမေးနေလေရဲ့.....

"အင်း.....တကယ်ပေါ့
ကလေးက ဘယ်သွားချင်လဲ"

"ဟီး.....Xiao Lu ကတော့
ကမ္ဘာ့အနှံ့ သွားချင်နေတာ
ဒါမဲ့ လူကြီး သွားချင်တဲ့ နေရာသာသွား
ဘယ်ကိုပဲ လိုက်ရ လိုက်ရ....အဟိ"

"ခွေးပေါက်လေး.....ပျော်နေလိုက်တာ"

သူ့ ခေါင်းပေါ် လက်တင်ပြီး ဆံပင်တွေကြား
ကျနော် လက်ထိုးဖွတော့ ကလေးက
လည်ပင်းပေါ် လက်နှစ်ဖက် လာချိတ်လို့
ကျနော့် မေးစိကို မော့နမ်းလေတယ်.....

"ချစ်လိုက်တာ.....လူကြီးရာ"

"ခွေးပု....အရပ်လည်း မှီတာ မဟုတ်ပဲနဲ့"

"ခင်ဗျားနော်.....ချစ်ပါတယ်ဆို
အမြင်ကတ်အောင် လာလုပ်နေ"

မျက်စောင်းလေး အသာဝင့်လို့ ပြောနေတဲ့
ကောင်လေးကို ကျနော် မချီလို့
တစ်ပါတ်နှစ်ပါတ်လောက် မွေ့ရမ်းပလိုက်တယ်.....

•~ ENDLESS ~•Where stories live. Discover now