Part 20

821 57 1
                                    

[Zawgyi]

ထမင်းကို တစ်စိချင်းစီ စိတ်မပါ လက်မပါ
စားနေတဲ့ Hannie မျက်နှာနုနုကို
ကျနော် ငေးကြည့်နေမိသည်......

ဇွတ်တရွတ်ဆန်ပြီး ခေါင်းမာတတ်တဲ့
အဲ့ကောင်လေးက အခုလည်း
သူ နာကျင်ရမယ့်ကိစ္စကို
မျက်စိမှိတ် ရွေးချယ်ခဲ့ပြန်သည်.....

"ငါ ရွေးချယ်ခဲ့တာ မင်းကြောင့်မဟုတ်ဘူး"လို့
သူက ခဏခဏ ပြောရင်း ကျနော်
ကိုယ့်ကိုကိုယ် အပြစ်မတင်မိအောင်
ကြိုးစားလုံးပမ်းရှာသည်......

ကိုယ်က တောင်းဆိုခဲ့တာမျိုး မဟုတ်ပဲ
သူက ကမ်းလှင့်ခဲ့တာမို့ ကျနော်
လိပ်ပြာတော့ လုံပါသည်......

ဒါပေမဲ့လေ......
ကျနော် ရှက်ရွံ့စွာ
မျက်နှာ ပူရပါသည်.....

အသားဖတ်တစ်ဖတ်ကို တူနဲ့ညှပ်ပြီး
သူ့ဇွန်းပေါ် တင်ပေးလိုက်တော့
မျက်ဝန်းလှလှတွေနဲ့
အကြည့်ချင်းဆုံရင်း
မသက်မသာအပြုံးတစ်ခုကို
ချစ်ရသူက ဆက်သလေသည်......

အသည်းကွဲနေတဲ့သူတစ်ယောက်ဟာ
ဒီလိုအချိန်မှာ နာကျင်ငိုကြွေးနေရမှာကို
ခုကျ ကျနော့်ကြောင့်နဲ့
ဟန်ဆောင်ပြုံးနေရတာမျိုးလား.....

ဒီလိုမျိုးတော့ အဖြစ်မခံနိုင်ပါလေ.....

"Hannie....."

"ဟင်"

"ဒီမှာ ကိုယ်ပြောပြမယ်......
Hannie ခုချိန်မှာ နာကျင်နေမှာ ပင်ပန်းနေမှာ
ကိုယ် သိတယ်.....ကိုယ့်ကို ဖုံးကွယ်စရာ မလိုဘူး
ကြားလား......ကိုယ်က Hannie ရဲ့ အရာအားလုံးကို
နားလည်ပြီး လက်ခံပေးနေတာလေ
ကိုယ့်ကို ဟန်ဆောင်နေစရာ မလိုဘူးနော်....."

"Innie......မင်း ငါ့ကို
အဲ့လောက်တောင်ပဲ ချစ်တာလား"

"မြတ်နိုးတာ.....Hannie ရယ်"

ပါးစပ်ကို ခပ်တင်းတင်းစေ့ကာ
တချက်သာ ပြုံးပြပြီး သူက
ထမင်း ဆက်စားနေလေသည်......

"ငါ နာကျင်မနေချင်ဘူး.....Innie"

"ဒီလိုအချိန်မှာ ဒီလိုဖြစ်ကြတာပဲ
Hannie ရယ်.....စိတ်ကို တင်းမထားနဲ့"

"ငါ မြန်မြန် မေ့သွားနိုင်ရင်
ကောင်းမယ် သိလား....."

"အချိန်တစ်ခုထိတော့ လိုတယ်လေ.....Hannie"

•~ ENDLESS ~•Where stories live. Discover now